ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် (အကြို) စာပေဟောပြောပွဲ (ဒုတိယနေ့) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် နံနက် ၉:၃၀ နာရီတွင် ကုန်သည်လမ်းရှိ အမှတ်-၅၂၉-၅၃၁၊ စာပေဗိမာန်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
ဟောပြောပွဲမစတင်မီ စာပေဗိမာန်ရုံး စာတည်းမှူးချုပ် ဦးတိုးကျော်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အဟောပြောပွဲကို နံနက်ပိုင်း အစီအစဉ်နှင့် နေ့ပိုင်းအစီအစဉ်အဖြစ် အစီအစဉ် နှစ်ရပ်ခွဲကာ ဆက်လက်ကျင်းပခဲ့ပါသည်။