၂၀ - ၈ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၄) ထွက်ရှိ

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၄) ၌ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် စာပေဗိမာန်သမိုင်းကြောင်းနှင့် စာပေဗိမာန်သည် ပြည်သူများအတွက် အသိဉာဏ်ပညာကို လင်းဖြာ‌အောင်

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၇) ရက်တွင် စာအုပ် (၁၅၃) မျိုး ထပ်မံရရှိ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရေးအတွက် စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ စာအုပ်များ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွက် အသင်းပေးစာအုပ်အဖြစ် “ဧပရယ်ယုနိုင် (ရွှေတောင်)” ရေးသားသည့် “မမဆိုသော သမီးကြီး” စာအုပ် ဖြန့်ချိ

၂ဝ၂၂ ခုနှစ် ဩဂုတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ဧပရယ်ယုနိုင် (ရွှေတောင်)”  ရေးသားသည့် “မမဆိုသော သမီးကြီး”  စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေ

၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၉) ရက်တွင် စာအုပ် (၁) မျိုး ထပ်မံရရှိ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၁၃-၈-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၃)ထွက်ရှိ

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၃)၌ သွားသန့်ရှင်းရေးကို စနစ်တကျပြုလုပ်ရန်နှင့် အချိုကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ရရှိလာနိုင်သည့် ဆိုးကျိုးအကြောင်းကို တင်ဆက်ထားသည့် “ပုပု- ပြောပြရဦး မယ်” မျက်နှာဖုံးကာတွန်း၊ အကြွေးထားခြင်းကို အကျင့်ဖြစ်နေသော ယုန်ငယ်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “နားရှည်-

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးပို့လာသည့် စာအုပ်များကို စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
Subscribe to

အကြံပြုစာ/တိုင်ကြားစာ