၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၄၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၄၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ ခရီးသွားလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အမိန့် ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။

အပိုင်း (၂) တွင် အကောက်ခွန်ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။

အပိုင်း (၄) တွင် အက်(စ်)စီအမ် စပရစ် (မြန်မာ) ကုမ္ပဏီလီမိတက် [SCM SPIRIT (MYANMAR) COMPANY LIMITED] အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Notice of Special Resolution KMA SIAM LIMITED For Member’s Voluntary Winding-up ၊ KAUNG ZAW HEIN INDUSTRIAL CO.,LTD ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ JOE YADANAR TRADING CO.,LTDဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ Gold Lite Pte Ltd (Representative Office) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၅၅ အရ နိုင်ငံတော်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုရပ်စဲရန်ကြော်ငြာခြင်းတို့ ပါဝင်ပါ သည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၇၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ်-၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း-၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ