၉-၁၂-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၉)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ‌ဒီဇင်ဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၉)၌ ယခင်က နွားကျောင်းပျင်းသော ပုပုသည် ယခုတွင်မူ နွားကျောင်းရမည်ကို မပျင်းတော့သည့်အကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် တစ်ရက် ကုန်သွားပြီ” မျက်နှာဖုံးကာတွန်း၊ အခွံမာသီးကို အလွယ်တကူခွဲ၍ရသည့် အကြံကောင်းကို ရရှိသွားသော ရှဉ့်နှစ်ကောင်အကြောင်း ရေးဖွဲ့ထားသည့် “ကောင်းလိုက်တဲ့အကြံ” နှစ်မျက်နှာ ကာတွန်း၊ သူတစ်ပါးကို မခံချင်အောင် နောက်ပြောင်မိရာက မိမိတွင် ပြန်လည် ဒုက္ခရောက်ရပုံ အကြောင်း တင်ဆက်ထားသည့် “အစသန်လို့”  နှစ်မျက်နှာကာတွန်း၊ မြွေဆိုးကြီး၏ အန္တရာယ်က လွတ်အောင် ကြံဆောင်နိုင်ခဲ့သော ကျီးမောင်နှံအကြောင်း ရေးဖွဲ့ထားသည့် “ကျီးဖိုနဲ့ ကျီးမ” နှစ်မျက်နှာကာတွန်း၊ အတန်းထဲတွင် စာအတော်ဆုံးဖြစ်အောင် ကြိုးစားမည်ဆိုသော “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် ဘယ်ကျော်၏ အိပ်ပျော်လွယ်စေသည့်နည်းကို အဘိုးဖြစ်သူအား ပြောပြပုံ ကို သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 
သုတကဏ္ဍတွင် ပေသီးသင်္ချာအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိဘတို့၏ သားသမီးများအပေါ်ထားရှိသည့် မေတ္တာကရုဏာကြီးမားပုံ အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ပန်းဥယျာဉ်ကြီးထဲတွင် ပျားကလေးနဲ့အတူ အချိန်အကြာကြီးနေနိုင်ရန် ဒေစီပန်းအဖြစ်ကို အပြီးတိုင် ပြောင်းလဲလိုက်သော နှင်းဆီပန်းလေး အကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ‌ရွှေသွေးတို့လက်ရာ ပန်းချီကဏ္ဍနှင့် စာသင်ကျောင်းရှိ သားသားမီးမီးတို့၏ ညီညီညာညာ စာအံသံများအကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်နေမွန်၏ “အနာဂတ်ကြယ်ပွင့်လေးများ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အပြောအင်္ဂလိပ်စကားတွင် သဘာဝကျကျ ပြောဆိုနိုင်ရန်အတွက် Question Tag အသုံးပြုပုံကို လေ့ကျင့်ခန်းအသစ်များနှင့် ဖော်ပြထား သည်ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။
 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ