ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 10, 2026
ထို့ပြင် အခြားသောကဗျာ များမှာလည်း ကလေးတို့၏ အတွေးအခေါ် အသိအမြင်များ ရင့်ကျက်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြို့ကိုယ့် တိုင်းပြည်ကို မြတ်နိုးတွယ်တာ ချစ်ခင်လာစေရေးတို့ကို ထိရောက် ပီပြင်စွာဖွဲ့ဆိုထားသည်ကို တွေ့ရှိရ သည်။
Mar 10, 2026
ယင်းစာအုပ်၌ သမိုင်းအစဉ်အလာ ခေတ်ဟောင်းမြန်မာ့တေးဂီတ အနုပညာနယ်ပယ်တွင် ကျင်လည်လှုပ်ရှား ရေပန်းစား လူသိများခဲ့ကြသော တေးဂီတအနုပညာရှင် (၅၅) ဦးတို့၏ ကိုယ်ရေးအကျဉ်း၊ အနုပညာစွမ်းရည်များကို အကိုးအကား အထောက်အထား (၁၉) စောင်ထဲမှ ရှာဖွေစုစည်းပြုစုထားခြင်း ဖြစ်သည်။ မျိုးဆက်သစ်များအနေဖြင့်လည်း လေ့လာဆည်းပူး စံပြုနည်း ယူစရာများ၊ မှတ်သားအားကျလိုက်နာကျင့်သုံးဖွယ်ရာများလည်း ပါရှိသည်။
Mar 10, 2026
တုပ်ကောင်ရောဂါ စသည်တို့၏ ရောဂါတစ်ခုချင်းအလိုက် ရောဂါပိုး၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံတို့ကို ပြည့်စုံစွာ ဖော်ပြ ထားသည်။ အဆိုပါ Neglected Tropical Disease ခေါ် လျစ်လျူရှုခံရောဂါအမျိုးပေါင်း ၂၀ မှာ ကမ္ဘာတစ်ဝန်း အဖြစ်များနေသည့်တိုင် ကာကွယ်တိုက်ဖျက်ရေးအတွက် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေပုံစသည်တို့ကို ရောဂါတိုက်ဖျက်ရေးရှုထောင့်မှ တတ်စွမ်းသမျှ ဖော်ထုတ်ရေးသားထားသည်။

မြန်မာနိုင်ငံပြန်တမ်း

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ