ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၁၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိရောင်းချနေပြီ ဖြစ်ပါသည်။ ယခုအပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ခရီးသွားလုပ်ငန်းကော်မတီ အမိန့် ကြော်ငြာစာ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက် သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန တင်ဒါကော်မတီ အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။
အပိုင်း (၄) တွင် MYITMAKHA INTERNATIONAL TRADING CO., LTD မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၄၇၊ ပုဒ်မ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၃၄၅၊ ပုဒ်မ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာခြင်း၊ PANA CARE SERVICE CENTER COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၁၂၂၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်း ကို အမှတ်-၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈၊ အမှတ်-၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါ သည်။ တစ်နှစ်စာ ကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အမှတ်-၂၂၈၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း ၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။