ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 20, 2026
မိမိကိုယ်မိမိ ဉာဏ်ကောင်းသည်ဟု ဘဝမြင့်ကာ ပုံမှန် စာမကျက်ဘဲနေခဲ့ရာမှ လပတ်စာမေးပွဲတွင် သုံးဘာသာ ကျရှုံးခဲ့၍ နောင်တရခဲ့သော ချက်စူအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်စူ ပါဝင်သော စာမှန်မှန်ကျက် စာမခက်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် မေတ္တာစေတနာထားပါက မိမိတွင်လည်း ကောင်းကျိုးများ ပြန်လည်ခံစားရနိုင်ပုံကို သရုပ်ဖော်ထားသည့် “မေတ္တာမုန့်ပေါင်း” နှစ်မျက်နှာကာတွန်း၊ လူကြီးများ ပြောဆိုသည့် စကားကို သေသေချာချာ ဂရုစိုက်နားမထောင်ဘဲ ပေါ့ပေါ့ ဆဆနေခဲ့မိသောကြောင့် စာအုပ်များ မီးလောင်ခံခဲ့ရသော
Mar 18, 2026
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင်
Mar 13, 2026
အတတ်ပညာများ ပြည့်စုံကာ လိုရာပန်းတိုင်ကို ရောက်ရှိနိုင်မည့်အကြောင်း ရေးသားထားသည့် “မိဘဆရာ ရိုသေပါ” ပုံပြင်ကဏ္ဍနှင့် ကျောင်းပိတ်ရက်တွင် မိဘကို တတ်နိုင်သမျှ ကူညီပေးတတ်သည့် ကလေးငယ်အကြောင်းကို သီကုံးရေးစပ်ထားသည့် “ကျောင်းပိတ်ရက်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

မြန်မာနိုင်ငံပြန်တမ်း

အကြံပြုစာ/တိုင်ကြားစာ