ဂျီတီစီပုံနှိပ်စက်ရုံ

ဂျီတီစီပုံနှိပ်စက်ရုံသည် အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသည်။ စက်ရုံပိုင်မြေအကျယ်အဝန်းမှာ ၁ ဒသမ ၂၃ ဧက ကျယ်ဝန်းပါသည်။ ဂျီတီစီ ပုံနှိပ်စက်ရုံအား ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံအစိုးရ၏ ကျွမ်းကျင်မှု အကူအညီဖြင့် ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ရန်နှင့် အဆင့်မြင့်ပုံနှိပ်နည်းပညာသင်တန်းများ ပို့ချရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသုံးဖတ်စာအုပ် ပုံနှိပ်လုပ်ငန်းဆိုင်ရာအခြေခံနှင့် အဆင့်မြင့်သင်တန်းပို့ချရေးစီမံကိန်း ကို ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

- စီမံကိန်းတွင် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံမှ ကျွမ်းကျင်သူများ၏ အကြံဉာဏ်နှင့်တကွ ခေတ်မီစက်ကိရိယာများ ဝယ်ယူပေးရန်ဖြစ်ပြီး စုစုပေါင်း ဂျာမန် မတ်ငွေ ၆ ဒသမ ၇ သန်း အထောက်အပံ့ပေးရန် ဖြစ်သည်။

- ၁၉၈၆ ခု စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ အစိုးရကိုယ်စား တာဝန်ရှိသူတို့က စီမံကိန်းဆိုင်ရာ စာချွန်လွှာကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

- ၁၉၈၇ ခု မေလ ၁၀ ရက်နေ့တွင် စက်ရုံအဆောက်အဦအား အုတ်မြစ်ချတည်ဆောက်ခဲ့ပြီး ၁၉၈၉ ခု မတ်လ ၃၀ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ ၁၉၈၈ ခု မတ်လ ၃၁ ရက်နေ့တွင် စက်နှင့်စက်ပစ္စည်းများရောက်ရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် စက်တပ်ဆင်မှုလုပ်ငန်းများအားလုံး ပြီးစီးခဲ့သည်။

- ၁၉၉၂ ခုနှစ်မှစတင်၍ စမ်းသပ်လည်ပတ်ခဲ့ပြီး ၁၉၉၃ ခု ဇူလိုင် ၃၁ ရက်နေ့တွင် စီမံကိန်းလုပ်ငန်းများအားလုံးကို GTZ မှ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုအချိန်ထိ ပုံနှိပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အခြေခံကျောင်းသုံးဖတ်စာအုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေ​​​​​​​​သော စာအုပ်စာစောင်များ အစရှိသည်တို့ကို ပုံနှိပ်ထုတ်လုပ်လျက်ရှိသည်။

ပုံနှိပ်လုပ်ငန်းများ အပ်နှံလိုပါက ဖုန်း ၀၁ - ၆၄၅၇၃၃၊ ၀၁- ၆၄၅၇၃၄ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

 

 

 

 

 

 

အကြံပြုစာ/တိုင်ကြားစာ