ပြည်သူ့စာကြည့်တိုက်

''ပညာဘဏ်တိုက် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်''

''အမှောင်ခွင်း၍အလင်းဆောင်အံ့'' ဟူသောဆောင်ပုဒ်သည် စာပေဗိမာန်၏ဆောင်ပုဒ်ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ပြည်သူပြည်သားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ် ငန်းတွင်အထောက်အကူဖြစ်စေရန် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည်လည်း ကဏ္ဍတစ်ခု အနေဖြင့် ပါ၀င်လျက်ရှိပါသည်။

စာကြည့်တိုက် အသင်းဝင်ကတ်ပုံစံ

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် စာကြည့်တိုက်အသင်းဝင်နိုင်ပါသည်။

စာကြည့်တိုက်အသင်းဝင်ရန် ဝင်ခွင့်လျှောက်လွှာပုံစံတွင် ဖြည့်စွက်ပြီး အသင်းသို့ ဝင်ရောက်နိုင်ပါသည်။

ပင်မစာကြည့်တိုက်

စာပေဗိမာန်ကို ၁၉၅၅ ခုနှစ် မေလတွင် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၅၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ စာပေဗိမာန် စာကြည့်တိုက်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိနှင့် စနေနေ့တွင် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ စာပေဗိမာန်စာကြည့်တိုက်တွင် အသင်းဝင်လိုပါက အသင်းဝင်နိုင်ပါသည်။

ရည်ညွှန်းစာကြည့်တိုက်

စာပေဗိမာန်စာကြည့်တိုက်၏ ဌာနစိတ်တစ်ခုဖြစ်သော ရည်ညွှန်းစာပေဌာနစိတ်တွင် စာဖတ်သူများ ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ဘာသာရပ်စုံ စာအုပ်များ ထားရှိပါသည်။ (၃၁-၅-၂၀၁၃) ခုနှစ် အထိ မြန်မာစာအုပ် ၄၄၈၂ အုပ်၊ အင်္ဂလိပ်စာအုပ် ၅၉၅၅ အုပ် စုစုပေါင်း ၁၀၄၃၇ အုပ် ထားရှိပါသည်

ကလေးစာကြည့်တိုက်

ကလေးစာကြည့်တိုက်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ စာပေဗိမာန်ရုံး၏ မြေညီထပ်တွင် တည်ရှိပြီး အသက် ၁၂ နှစ်အောက် ကလေးများသာ အသုံးပြုနိုင်ပါသည်။ အသင်း ဝင်စရာမလိုဘဲ အခမဲ့ စာဖတ်ခြင်း၊ ဉာဏ်စမ်း Game ကစားခြင်း၊ တီဗွီကြည့်ခြင်းများ ခွင့်ပြုထားပါသည်။

အကြံပြုစာ/တိုင်ကြားစာ