လုပ်ငန်း ဆောင်ရွက်ချက်

1

2

3

စာပေဗိမာန် စာကြည့်တိုက်ကို နိုင်ငံတကာအဆင့်မီ e-Library တစ်ခုအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိပါသည်။ လက်ရှိအခြေအနေတွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ရှိ တိုက်ပိုင်စာရင်းသွင်းပြီး (မြန်မာ + အင်္ဂလိပ်) စာအုပ် ၈၄၅၇၆ ကျော်ကို e-Catalogue တင်ပြီးဖြစ်သည်။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အသစ်ထပ်မံရောက်ရှိလာသည့် စာအုပ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ e-Catalogue တင်ပေးလျက်ရှိသည်။ စာကြည့်တိုက်ရှိ စာအုပ်အားလုံးကို e-Catalogue ဖြင့် အလွယ်တကူ ရှာနိုင်ပြီဖြစ်ပြီး စာအုပ် ၂၆၉၄၅ ကျော်ခန့်ကို e-Book အဖြစ် ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ စာကြည့်တိုက်ရှိ စာအုပ်အားလုံးကို e-Book အသွင်ပြောင်းရေးနှင့် Internet နှင့် ချိတ်ဆက်၍ အဆင့်မီ e-Library အဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

အကြံပြုစာ/တိုင်ကြားစာ