ကလေးစာကြည့်တိုက်

            ကလေးစာကြည့်တိုက်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ စာပေဗိမာန်ရုံး၏ မြေညီထပ်တွင် တည်ရှိပြီး အသက် ၁၂ နှစ်အောက် ကလေးများသာ အသုံးပြုနိုင်ပါသည်။ အသင်း ဝင်စရာမလိုဘဲ အခမဲ့ စာဖတ်ခြင်း၊ ဉာဏ်စမ်း Game ကစားခြင်း၊ တီဗွီကြည့်ခြင်းများ ခွင့်ပြုထားပါသည်။

            ကလေးသူငယ်များ၏ ဉာဏ်ရည်မြင့်မားစေရန်၊ ဗဟုသုတနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ကလေးဆိုင်ရာ စာပေမျိုးစုံ၊ ရောင်စုံခြယ် စာအုပ်များ၊ ကစားစရာများ၊ တီဗွီဂိမ်းစက်ဖြင့် ကစားနိုင်ခြင်းတို့ အပြင် ပညာပေးဇာတ်လမ်း၊ ရုပ်ရှင်တို့ ကြည့်ရှုနိုင်ရန် တီဗွီ၊ ဒီဗီဒီစက်များ ထားရှိပါသည်။

            ပုံပြင်၊ စာစီစာကုံး၊ ကဗျာစာအုပ်၊ ကလေးစာပေ၊ ကာတွန်း၊ ဉာဏ်စမ်းစာအုပ် အစရှိသည့် ဗဟုသုတရဖွယ် စာအုပ်များ ထားရှိပါသည်။

            ကလေးစာကြည့်တိုက်တွင် ၂၀၁၃ ခုနှစ်အထိ မြန်မာစာအုပ် ၁၂၂၀၊ အင်္ဂလိပ်စာအုပ် ၁၆၅၈၊ မဂ္ဂဇင်း ၇၃၄၊ ဂျာနယ် ၂၉၆၀၊ ကာတွန်း ၁၈၁၊ စုစုပေါင်း ၆၇၅၃ အုပ် ထားရှိပါသည်။ စာအုပ်များကို ပြင်ပသို့မငှားပါ။ စာဖတ်ခန်းတွင်သာ ဖတ်ရှုရပါသည်။

အကြံပြုစာ/တိုင်ကြားစာ