၁၁- ၄- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၅)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၅)၌ စတုဒိသာအလှူမဏ္ဍပ်တွင် ရန်ဖြစ်၍ ပြစ်ဒဏ်အနေဖြင့် ပန်းကန်ဆေး ခဲ့ရသော မှုံကြီးတို့ သူငယ်ချင်းတစ်စုအကြောင်းကို သရုပ်ဖော်ထားသည့် “ကုသိုလ် လည်းရ ဝမ်းလည်းဝ” မျက်နှာဖုံးကာတွန်း၊   သင်္ကြန်ကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ပါး ကို ရေမပက်လိုက်ရ၍ မိမိကိုယ်မိမိ ရေလောင်းချိုးလိုက်သော လင်းသုတအကြောင်းကို သရုပ်ဖော် ထားသည့် “လင်းသုတနဲ့ သင်္ကြန်” နှစ်မျက်နှာကာတွန်း၊ အိမ်စာပေးသော သင်္ချာပုစ္ဆာသည် ခက်ခဲ သော်လည်း မိမိကိုယ်တိုင် ကြိုးစားတွက်ခဲ့သော ပန်ပန်အကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်နှင့်ရှက်စိတ်”နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် ကူညီတတ်သည့် သူငယ်ချင်းဖြစ်သူ၏ ကြင်နာတတ်မှုကို အသိအမှတ်ပြုလိုက်သည်ဆိုသော သက်ကိုအကြောင်း သရုပ်ဖော်ထားသည့် “ကြင်နာမှုဟာ ဆုလာဘ်တစ်ခုပါ” နှစ်မျက်နှာကာတွန်း၊ လေးနှစ်မှ တစ်ကြိမ်သာ မွေးနေ့ကျရောက်သော ဖေဖော်ဝါရီလ ၂၉ ရက် မွေးဖွားသူများအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်ပုနဲ့ဓာတ်ခဲ- မွေးနေ့ပွဲ” တစ်မျက်နှာကာတွန်းနှင့် စကားကို ကတ်တီးကတ်ဖဲ့ ပြောတတ်သော လူငယ်လေးတစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “ဘုန်းဆင့်သူ- အသက်တူတာပဲလေ” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် အဝါရောင်ရှိသော အစားအစာများနှင့် ၎င်းတို့၏ အကျိုးသက်ရောက်ပုံများကို ဗဟုသုတရဖွယ် ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ထိန်းသိမ်းတတ်စေရန် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မုဆိုးကြီး၏ ငှက်လှောင်ချိုင့်အတွင်းမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သော ငုံးကြီး၏ အကြံဉာဏ်ကြီးမားပုံကို ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသောရုပ်ပုံကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊ ရုပ်ပုံများအတွင်းတွင် ပါရှိသည့် စကားလုံးများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့်  ဉာဏ်စမ်းကဏ္ဍနှင့် တန်ခူးလတွင် ဖူးပွင့်ကြသည့် ပန်းများနှင့် သင်္ကြန်ပွဲတော်ဆင်နွှဲကြပုံကို သီကုံးရေးစပ်ထားသည့် ဆရာ မြတ်လွမ်းနောင်(ပုတီးကုန်း)၏ “မြန်မာသင်္ကြန်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်အသုံးများအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စကားပြောများကို  ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။   
 

အကြံပြုစာ/တိုင်ကြားစာ