ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 08, 2024
၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၀) ၌ သူ၏အသက်ကို ချမ်းသာပေးခဲ့သည့် ကြွက်ကလေးသည် ခြင်္သေ့ကြီး ထောက်ချောက်မိသောအခါ ပြန်လည်ကယ်တင်ပေးလိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ကျေးဇူး ဆပ်တဲ့ ကြွက်ကလေး” မျက်နှာဖုံးကာတွန်း၊ ဦးလေးနှင့်အတူ အိမ်သန့်ရှင်းရေးလုပ်ပေးသည့် ကီးကီနှင့် ဂျိုးဂျိုးတို့အကြောင်း တင်ဆက်ထားသည့် “ကီးကီ ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ အမေနှင့် ချွတ်စွပ် တူသည့် ပုံတူပန်းချီမှာ မှန်ချပ်ပဲဖြစ်ကြောင်း အမေကို နောက်ပြောင်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကဏ္ဍ၊ ဒေါသကြီးသော မျောက်လွှဲကျော်ကြီးကို လူနီရိုင်းခေါင်းဆောင် လုပ်ခိုင်းကာ အားလုံးအတူတူ ကစားကြ သည့်အကြောင်း တ
Mar 06, 2024
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၆-၃-၂၀၂၄) ရက် နံနက် (၁၀:၀၀) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
Mar 05, 2024
ကွန်ကော့ဒီးယား အင်တာနေရှင်နယ်(လ်) ကုမ္ပဏီလီမိတက် (Concordia International Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ၅၈ (ခ) အရ အသိပေးကြေညာချက်၊ BEST HUBO COMPANY LIMITED Notice under Section Insolvency Law (Members Voluntary Winding-up) တို့ ပါဝင်ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ