Khin  Maung Myint ရေးသားသည့်  ‘Memoirs of an Old Sailor' စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ အင်္ဂလိပ်စာမူ ပထမဆုရရှိသည့် စာရေးသူ Khin  Maung Myint ၏  ‘Memoirs of an Old Sailor’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် သာမန်ပင်လယ်ပျော်တစ်ဦး၏ အတွေ့အကြုံသက်သက် မဟုတ်။ ကလေးဘဝ၊ ကျောင်းနေစဉ် ဘဝမှာ ကလေးအတွေ့အကြုံမျှသာဖြစ်သော်လည်း မြန်မာနိုင်ငံကြုံတွေ့ခဲ့ရသည့် ကျူးကျော်စစ်များ၏ အနိဋ္ဌာရုံတို့ကိုပါ ရေးသားထားသည်။ နိုင်ငံ၏ ငြိမ်းချမ်းရေးခရီးအစ၊ ပြည်သူပိုင်သိမ်းလုပ်ငန်းများ၏ မူလအစတို့ကိုလည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံအတွက် အရေးပါသည့် ရေယာဉ်များ သွားယူရာနှင့် သင်တန်းများ တက်ရသည့်အခါ  မြန်မာတို့၏ ဂုဏ်ကိုဆောင်ခဲ့သည့် အတွေ့အကြုံများ၊ စာရေးသူ ရောက်ရာကြုံတွေ့ရာတို့ကို သမိုင်းကွင်းဆက်လေးများဖြင့် တင်ပြထားသည်။ စာရေးသူ၏ အတွေ့အကြုံကို စိတ်ဝင်စားဖွယ် ရသမြောက်အောင် ဖော်ကျူးနိုင်ပြီး သမိုင်းခြေရာကောက် ရေးသားထားသည်မှာ လူငယ်တို့အတွက် သင်ခန်းစာယူစရာ၊ အတုယူစရာများကိုပါ ပေးစွမ်းနိုင်သည့်အပြင် သာမန် စာဖတ်သူသာမက ပညာရှင်များအတွက်ပါ အထောက်အကူပြုသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ 

အဆိုပါစာအုပ်ကို ရောင်းဈေး (၆၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ