ကွမ်ဆာသန်းနိုင် (ကတူး) ရေးသားသည့်  ‘နာမည်မှည့်ခေါ်ပုံစနစ်များ’ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရရှိသည့် စာရေးသူ ကွမ်ဆာသန်းနိုင် (ကတူး)၏  ‘နာမည်မှည့်ခေါ်ပုံစနစ်များ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ကမ္ဘာ့လူသားသန်းပေါင်းများစွာတွင် နာမည်ကိုယ်စီရှိကြကြောင်း၊ လူတစ်ဦးချင်းစီအတွက် နာမည်သည် မွေးသည်မှ သေဆုံးသည်အထိ အလွန်အရေးကြီးကြောင်း၊ နာမည်သုံးစွဲမှုဓလေ့၊ နာမည်ပေးစနစ်၊ တိုင်းရင်းသားလူမျိုးများ၏ နာမည်သုံးစွဲမှုဓလေ့များ၊ မြန်မာ့ရိုးရာလောကီပညာများအရ နာမည်ပေးနည်းအမျိုးမျိုး၊ အနောက်တိုင်းသင်္ချာဗေဒပညာအရ နာမည်ရွေးနည်း၊ ကမ္ဘာ့နိုင်ငံအချို့၏ နာမည်သုံးစွဲမှု ဓလေ့များကို အခန်း (၆) ခန်း ခွဲခြားကာ ကျမ်းကိုးအထောက်အထားများဖြင့် ပြည့်ပြည့်စုံစုံ ရေးသားထားသောစာအုပ်ဖြစ်ပါသည်။ 

အဆိုပါစာအုပ်ကို ရောင်းဈေး (၅ဝဝ၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

အကြံပြုစာ/တိုင်ကြားစာ