ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Aug 27, 2025

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ်၊ ပထမဆုရရှိသည့် စာရေးသူ တက္ကသိုလ်မြမဉ္ဇူ၏ “ကိုယ့်ခြံမှာလည်း ပန်းတွေ ပွင့်ရမယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

Aug 27, 2025
ကုန်းဘောင်ခေတ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ ဘဝဖြစ်စဉ်ကို သမိုင်းတင်ထားခဲ့သည်များ ထဲမှ မှတ်သားဖွယ်ရာများစွာကို ကောက်နုတ်ပြစုထားရာ သုတရသ မျိုးစုံ ပါဝင်သည်။
Aug 27, 2025
မြန်မာ့ရိုးရာဓလေ့များနှင့် ကျေးလက်အလှ၊ စာပေအနုပညာ၊ အတွေးအမြင်၊ ချစ်ခြင်းမေတ္တာ၊ နိုင်ငံချစ်မြတ်နိုးစိတ် စသည်ဖြင့် မျိုးတူရာကဗျာများကို စုစည်းကာ အခန်းများခွဲ၍ တင်ပြထားသည်။ အကြောင်းအရာ အသင့်အတင့် စုံလင်ပြီး ကဗျာဖွဲ့နည်းများလည်း အတော်အတန် စုံလင်သည်။ အကြောင်းအရာများပေါ်မူတည်၍ တင်ပြပုံများလည်း ကောင်းမွန်သည့် ကဗျာများ ဖြစ်သည်။

မြန်မာနိုင်ငံပြန်တမ်း

အကြံပြုစာ/တိုင်ကြားစာ