Skip to main content
Nov 15, 2024

မြန်မာတို့၏ ၁၂ လရာသီတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်များ ကျင်းပလေ့ရှိသည့်အနက် တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပနေကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။ မြန်မာတို့အဖို့ ကုသိုလ်ကောင်းမှုအထူးထူးတို့ ရရှိကြသလို ထိုနေ့ထူးနေ့မြတ်အခါသမယတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် သာမညဖလသုတ်တရားတော် ရွတ်ဖတ်ပူဇော်နာကြားခြင်းကုသိုလ်ကိုလည်း ပြုလုပ်ကြရမည်ဖြစ်ပါသည်။

Nov 15, 2024
လတကာတို့တွင် တန်ဆောင်မုန်းလသည် အလှပဆုံး၊ အသာယာ ဆုံးဟု အဆိုရှိသည်။ “တန်ဆောင်” ဟူသည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရ၍ “မှုန်း” ဆိုသည်မှာ တောက်ပစေခြင်း၊ ထွန်းညှိခြင်းဟူသော အဓိပ္ပာယ်ရှိသည်ဖြစ်၍ “တန်ဆောင်မုန်း” ဆိုသည်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးအလင်းရောင်တို့ တောက်ပသောလဖြစ်သည်ဟူ၍လည်း ဖွင့်ဆိုသည်။ တစ်နည်းအားဖြင့် အမိုက်မှောင်ကို မီးရှူးတန်ဆောင် အလင်းရောင်ဖြင့် ပယ်ရှားရှင်းလင်းသည့်ကာလလည်း ဖြစ်သည်။
Nov 14, 2024
ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူရန် ကြံစည်တော်မူခဲ့သည်။ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကိုခေါ်တော်မူ၍ “ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှကျွတ်တော် မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရား ခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ကထိန်ခင်းရန် ရက်အပိုင်းအခြားကား သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတည်းသာဖြစ်၍ ကုသိုလ်ထူးကိုလက်မလွတ်စေရန် ဆက်ကပ်လှူဒါန်းရမည့်အချိန်အခါ ဖြစ်သည်။
Nov 14, 2024
လာမည့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၏ ပညာသင်နှစ်သစ် စတင်တော့မည်ဖြစ်သည်။ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိနေသည့် မိမိတို့နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူများ များစွာလိုအပ်လျက်ရှိပြီး နိုင်ငံတော်၏ အနာဂတ်အတွက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်ရေးလုပ်ငန်းကို အနည်းဆုံးငါးနှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
Nov 13, 2024
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးသည့် ၁၉၈၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလီယံရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ကြည့်သောအခါ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် သုညဒသမ ၄၈ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ၀၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။
Nov 13, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရန် ရက်သတ္တပတ်အနည်းငယ်မျှသာ လိုတော့သည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ လေ့ကျင့်ပြင်ဆင်မှုများလည်း ခရီးအတန်ပင် ပေါက်ရောက်နေကြမည်ဖြစ်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများမှ အားကစားနည်းအလိုက် အကောင်းဆုံးအားကစားသမားများဖြင့် ပွဲဝင်လာကြမည်ဖြစ်ရာ ၎င်းတို့၏ ကျွမ်းကျင်မှု၊ ခွန်အား၊ သက်လုံ၊ နည်းစနစ်နှင့် စိတ်ဓာတ်တို့ကို မှတ်ကျောက်တင်ခံနိုင်သည်အထိ ပြင်ဆင်လာခဲ့ကြရန်လိုသည်။ ထို့အပြင် နိုင်ငံတော်အဆင့်ကျင်းပသည့် အားကစားပွဲတော်ကြီး၏ ဂုဏ်ပုဒ်နှင့်အညီ အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုကိုပါ မြင့်မြင့်မားမားမြှင့်တင်သွားကြရန်လည်း ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်သည်။
Nov 12, 2024
မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများနှင့် သဘာဝအခြေခံကောင်းများစွာရှိသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ရှိရင်းစွဲသဘာဝအရင်းအမြစ်များဖြင့် စိုက်ပျိုး မွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး ကမ္ဘာပေါ်တွင် လိုအပ်ချက်မြင့်မားနေသော စားရေရိက္ခာများကို အဓိကထုတ်လုပ်နိုင်သောနိုင်ငံဖြစ်အောင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 12, 2024
ဝါလကင်းလွတ်၍ သီတင်းကျွတ်သည်နှင့် ကထိန်သင်္ကန်းလှူဒါန်းကြသည့် အခါရာသီကျရောက်ပြီဖြစ်သည်။ ကထိန်သင်္ကန်းလှူဒါန်းခြင်းသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာအချိန်ကာလအတွင်းမှာသာ လှူဒါန်းခွင့်ရှိ၍ ကာလဒါနဖြစ်သကဲ့သို့ သံဃာအားသာရည်စူး၍ လှူဒါန်းရခြင်းကြောင့် သံဃိကဒါနလည်းဖြစ်သည်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်ဟူသော ဆိုရိုးစကားနှင့်အညီ ကထိန်သင်္ကန်းလှူဒါန်းခြင်းကို အထွတ်အမြတ်ကုသိုလ်ဒါနတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအနက်ထားလှူဒါန်းကြသည်။
Nov 11, 2024
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ကိုယ်ပိုင်စာပေယဉ်ကျေးမှုများဖြင့် တင့်တယ်စွာနေထိုင်ခဲ့သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးသည် နေရင်းဒေသအသီးသီးတွင် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ၍ စုပေါင်းနေထိုင်လာခဲ့ကြသည်။ ဤသည်ပင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲလာမှုကို သက်သေပြလျက်ရှိသည်။
Nov 11, 2024
​​​​​​​တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်း အဝေးများသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။