Jan 24, 2026
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို (၁) ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး။ (၂) ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံးချီးမြှောက်ရေး။ (၃) သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူးဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
Jan 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးရာတွင် “မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Jan 23, 2026
“သမဂ္ဂါနံ တပေါ သုခေါ” ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာကြောင်းဖြစ်သည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကို မိမိတို့အားလုံး မည်မျှလိုချင်ကြသည်ဖြစ်စေကာမူ မညီညွတ်ခြင်းကြောင့် မချမ်းသာ။ အလုံးစုံသောညီညွတ်မှုကို အတူတကွ ပူးပေါင်းညီညာ မတည်ဆောက်နိုင်သရွေ့ မချမ်းသာ။
Jan 22, 2026
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ဖွဲ့စည်းတည်ဆောက်ထားသော တစ်ခုတည်းသော ခိုင်မာသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်သော်လည်း တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်၍ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ကို တာဝန်ကျေပွန်စွာ သယ်ပိုးထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။
Jan 22, 2026
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားရင်ဆိုင်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာပြည်သူများက ရပ်တည်ထောက်ခံလျက်ရှိကြောင်း ပြသနေကြသည်။ မြန်မာနိုင်ငံနှင့် လွန်စွာအလှမ်းဝေးကွာလှသည့် အာဖရိကတိုက်အနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့၏ကိုယ်စား မြန်မာနိုင်ငံကို စွဲဆိုသည့် ထိုအမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ထိခိုက်စေသည်ဟု မြန်မာပြည်သူတစ်ရပ်လုံးက နားလည်ထားကြသည်။
Jan 21, 2026
ပတ်ဝန်းကျင်သည် လူတို့စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းသည့်အရပ်၊ ငြိမ်းချမ်းသာယာလှပသောပတ်ဝန်းကျင်၊ သန့််ရှင်းသန့်ပြန့်သည့်နေရာတို့တွင် နေထိုင်သည့်အခါ လူတို့၏စိတ်သည် အလိုလိုနူးညံ့သိမ်မွေ့လာပြီး ဝမ်းမြောက်ပီတိဖြစ်နေဘိသကဲ့သို့ စိတ်နှလုံးချမ်းသာခြင်းတို့နှင့် ပြည့်စုံနေသလိုဖြစ်နေပေသည်။ ထို့ကြောင့် ကောင်းမွန်သောစိတ်နှလုံး ဖြစ်ပေါ်လာစေရန်အတွက် ကောင်းမွန်သောဝန်းကျင်အား အရှည်မြော်တွေး၍ ဦးစွာတည်ဆောက်နေကြသည်။
Jan 21, 2026
နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product ) ဆိုသည်မှာ သတ်မှတ်ထားသည့် ကာလတစ်ခု ဥပမာတစ်နှစ်အတွင်း ယင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာခြင်း၊ စီးပွားရေးပမာဏကို ပြသခြင်းတို့အတွက် အညွှန်းကိန်းလည်းဖြစ်ရာ ဂျီဒီပီတန်ဖိုးကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏အခြေအနေကို ခန့်မှန်းသိရှိနိုင်သည်။ ဂျီဒီပီတန်ဖိုး အနိမ့်အမြင့်သည် နိုင်ငံသားတို့၏ ကုန်ထုတ်လုပ်မှုပမာဏပေါ်တွင် တည်ရှိနေခြင်းဖြစ်ရာ နိုင်ငံသားတိုင်းပိုမိုအားထုတ်ကြိုးပမ်း အလုပ်လုပ်ကြသည်နှင့်အမျှ နိုင်ငံစီးပွားပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။
Jan 20, 2026
မြန်မာမှုနယ်ပယ်တွင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသော စကားပုံရှိသည်။ သူ့ထမင်းကို တစ်လုတ်မျှ စားဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်းတော့သကဲ့သို့ အနည်းငယ်မျှပင်ဖြစ်စေ ကူညီမစခြင်းခံရဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်း၊ ထိုသူကို ကျေးဇူးတုံ့ပြန်ခဲ့သည့် စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကိုလုပ်ကြံရန် ငခင်ညိုဟူသော ကျွန်ဇာတ်ကြောင်းအား မြန်မာများသိရှိထားကြပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် တစ်လုတ်စားဖူး သူ့ကျေးဇူးကို မသိတတ်သည့်အပြင် ကျေးဇူးကန်းသူအချို့ကို တွေ့လာရသည်။
Jan 20, 2026
နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံကိုကိုယ်စားပြု၍ တရားရင်ဆိုင်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူလူထုကြီးက ထောက်ခံအားပေးလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော အာဖရိကနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကြီးလေးသော အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲထားခြင်းဖြစ်ရာ ယခုတရားရင်ဆိုင်မှုမှာ မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးသည်။
Jan 19, 2026
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများကြောင့် အကျိုးဆက်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများ အားနည်းမှုများဖြစ်ပေါ်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းမှသာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
