Aug 19, 2025
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် မတ်လမှစတင်၍ ဝါဒရေး၊ လူမျိုးရေး၊ နိုင်ငံရေးခံယူချက်မတူညီမှုများကြောင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များ ပေါ်ပေါက်လာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါးကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ မအောင်မြင်သော်လည်း ပြည်တွင်း၊ ပြည်ပပယောဂများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေလိုသူများကြောင့် ယခုထက်တိုင်သက်တမ်းရှည်နေသည်ဟု သုံးသပ်မိပါသည်။
Aug 19, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။”ဟူသော ဦးတည်ချက်လည်းပါဝင်သည်။ သို့ဖြစ်ရာ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် တည်မှီနေပြီး စိုက်/မွေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ်တွင် မူတည်လျက်ရှိသည်။
Aug 18, 2025
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကို လေ့လာကြည့်လျှင် သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ထားခြင်း၊ မပိုင်ဆိုင်ထားခြင်းထက် အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများ ပိုင်ဆိုင်ထားခြင်းသည် ပို၍အဓိကဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ သဘာဝအရင်းအမြစ်များလည်း ပိုင်ဆိုင်၊ နည်းပညာနှင့် အရင်းအနှီးများလည်းရှိပါက အဆိုပါနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ထိပ်တန်းရောက်သည့်နိုင်ငံဖြစ်နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ ရေခံမြေခံ အခြေခံကောင်းများ များစွာရှိပြီး မကုန်နိုင်၊ မခန်းနိုင်သော တွင်းထွက်သယံဇာတနှင့် သဘာဝအရင်းအမြစ်များ အလျှံပယ်ပေါများကြွယ်ဝသည်။
Aug 18, 2025
မြို့ပြဒေသများ၊ စက်မှုလက်မှုလုပ်ငန်းများမှ နေ့စဉ်ထွက်ရှိလာနေသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲမှု မပြုနိုင်ခြင်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို ကြီးထွားလာစေသည်။ စွန့်ပစ်ပစ္စည်းအမျိုးမျိုးတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများအနက် ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာနေသည့် ပလတ်စတစ်ညစ်ညမ်းမှုမှာ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ နေသည်။
Aug 17, 2025
နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ပြည်သူ တစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး အစားအသောက်များကို ပြည့်ပြည့်ဝဝ ဖူဖူလုံလုံစားသုံးနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်နိုင်ပါက မျှော်မှန်းသက်တမ်း မြင့်မားလာမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကောက်ယူထားသော လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ခန့်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကောက်ယူထားသောစာရင်းအရ ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူ နိုင်ငံသား ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း သိရသည်။
Aug 17, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂ဝ၂၅ အဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။
Aug 16, 2025
၂ဝ၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနက် ၅၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သစ်တောကဏ္ဍလုပ်ငန်းများတွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်ကြသောသူများဖြစ်သည်။ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။
Aug 16, 2025
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်မှုမရှိစေရန် အဖျက်အမှောင့်လုပ်ရပ်များ၊ ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်။ ယင်းသို့ပြုလုပ်ရာတွင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား စသည့် တစ်ဖက်လှည့် ထိုးနှက်မှုများကိုပြုလုပ်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့် အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်သည်။
Aug 15, 2025
ပြည်သူ့ကျန်းမာရေးကဏ္ဍတိုးတက်မှသာ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်ပြီး ကျန်းမာကြံ့ခိုင်သော လူမှုအသိုက်အဝန်းဖြင့် မိမိအကျိုး၊ နိုင်ငံအကျိုးကို ထိရောက်စွာသယ်ပိုးနိုင်မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး တိုးတက်စေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတို့ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။
Aug 15, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၁၂ ရက်နေ့တွင် အခြေခံပညာကျောင်း ရှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယနေ့အထိ ကျောင်းသား ကျောင်းသူ ၁၂၈၅ ဦးတို့ ထပ်မံ၍ ကျောင်းအပ်နှံလာခဲ့ကြသည်။ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ပတ်ဝန်းကျင်ဒေသများသို့ အောင်မြေချဲ့နိုင်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသည့် ကျောင်းများ တစ်ကျောင်းပြီး တစ်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပညာပြန်လည်သင်ကြားနိုင်ခဲ့ကြသည်။
