Oct 01, 2025
ယနေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ဖြစ်သည်။ သက်ကြီးရွယ်အိုများဆိုသည်မှာ နောက်ဆုံးဘဝနေဝင်ချိန် ညှိုးငယ်နေသောကာလဖြစ်သည်။ တစ်ချိန်သောကာလက မိသားစုအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်းသည့်ဘက်မှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ ဘဝနေဝင်ချိန်တွင် ၎င်းတို့၏ ဘဝတစ်လျှောက် ဆောင်ရွက်ခဲ့မှုများကို ကျေးဇူးသိသောအားဖြင့်၊ လေးစားဂုဏ်ပြုသောအားဖြင့် မသန်မစွမ်းအားနည်းသောသူအဖြစ် နှိမ့်ချခြင်းမပြုဘဲ သက်ကြီးပုဂ္ဂိုလ်များအဖြစ် လေးစားကြရမည်ဖြစ်သည်။
Oct 01, 2025
အသက် ၆၀ နှစ်ပြည့်သည်နှင့် သက်ကြီးပုဂ္ဂိုလ်ဖြစ်ပြီဟူ၍ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသည်။ သာမန်အားဖြင့် အသက် ၆၀ အရွယ်သည် အငြိမ်းစားယူကြရသည့်အရွယ်ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အငြိမ်းစားယူရသည့်အရွယ်သတ်မှတ်ချက်တို့ မတူညီကြဘဲကွာခြားကြသည်။ မိမိတို့နိုင်ငံတွင် အငြိမ်းစားယူသည့်အရွယ်သည် ၂၀၂၂ ခုနှစ်မှစ၍ ၆၂ နှစ်ဖြစ်လာခဲ့ပြီး ယင်းမတိုင်မီက အသက် ၆၀ တွင် အငြိမ်းစားယူခဲ့ကြရခြင်းဖြစ်သည်။
Sep 30, 2025
ပြီးခဲ့သည့် ရက်သတ္တပတ်က တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” တိုက်ခတ်မှုနှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်တို့ တစ်ပြိုင်တည်းဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းများမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့်နှင့် ကြွင်းကျန်လွင့်စဉ်မှု အခြေအနေများကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းတိုက်ရိုက်သက်ရောက်ခဲ့သည့် ဒေသများ၌ နေအိမ်အဆောက်အအုံများနှင့် ပြည်သူများ အတိဒုက္ခရောက်ခဲ့ကြသည်။
Sep 30, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှုအတွက် နိုင်ငံတွင်ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေများက နိုင်ငံတွင်အရေးပေါ်အခြေအနေကြေညာပြီး မဲမသမာမှုများအပေါ် တပ်မတော်ကစိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေးဆောင်ရွက်ရသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင်ဝါဒမှိုင်းတိုက်ကာ ဆန့်ကျင်ဘက်အုပ်စုများက ပြည်သူလူထုနှင့် လူငယ်လူရွယ်များကို အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်။
Sep 29, 2025
မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် နိုင်ငံရေးနယ်ပယ်မှာ အဓိကကျသော နယ်ပယ်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု၊ ခေတ်နောက်ကျမှုသံသရာမှ ရုန်းထွက်နိုင်ရန် အစပျိုးတွန်းအားပေးနိုင်ရေး၊ ပြည်သူများကာယ၊ ဉာဏစွမ်းအားများဖြင့် ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းနိုင်ရေး၊ ထိရောက်သည့် အဆောက်အအုံပိုင်း ဖွဲ့စည်းမှု၊ မှန်ကန်သည့် မူဝါဒများချမှတ်မှုတို့ ဆောင်ရွက်နိုင်ရေးစသည်တို့ကို ဆောင်ရွက်နိုင်သည့် နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်သာဖြစ်သည်။
Sep 29, 2025
စားရေရိက္ခာဖူလုံရေးအတွက် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာစသည်ဖြင့် ဓာတုဆေးဝါးများကို မသုံးမဖြစ် သုံးစွဲနေကြရသည်။ သစ်ပင်၊ သီးနှံအဖျက်ပိုးမွှားများ၊ မှိုများနှိမ်နင်းရေးအတွက် သုံးစွဲကြရသည့် ဆေးများမှာ အမှန်စင်စစ်အားဖြင့် အသက်သေဆုံးစေနိုင်သည်အထိ အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြစ်ပြီး အလွယ်ကူဆုံးပြောမည်ဆိုလျှင် အဆိပ်များပင်ဖြစ်သည်။
Sep 28, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sep 28, 2025
ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်းခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ တစ်နှစ်လျှင် လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးနေရခြင်းကို ၂၀၃၀ ပြည့်နှစ်တွင် “သုည” အထိလျှော့ချနိုင်ရေး Zero Rabies Human Death by 2030 ကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 27, 2025
ယနေ့သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး ရရှိနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ ပဋိညာဉ်ကို အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဟုသတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဤနေ့၌ ကမ္ဘာ့ခရီးသွားနေ့ အခမ်းအနားများကို ကျင်းပကြသည်။
Sep 27, 2025
အဏုမြူစွမ်းအင်ဟုဆိုသည်နှင့် မိမိတို့၏စိတ်အာရုံတွင် ပထမဆုံးပေါ်လာသည့် ပုံရိပ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့မှ ကြောက်မက်ဖွယ်အနိဋ္ဌာရုံများပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် စစ်အေးခေတ်လက်နက်ယှဉ်ပြိုင်မှုများတွင်လည်း အဏုမြူလက်နက် ဝါ နျူကလီးယားလက်နက်များက ကမ္ဘာကို ခြိမ်းခြောက်နေသည့် အဖျက်စွမ်းအားအကြီးမားဆုံးလက်နက်များအဖြစ် စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်။ ထို့အပြင် အဏုမြူမတော်တဆမှုများ၊ ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းများစသည်တို့နှင့်ပတ်သက်၍လည်း မှန်ကန်စွာ သိနားလည်ခွင့်ရရှိခြင်းထက် အကြောက်တရားပိုစေသည့် သတင်းအချက်အလက်များနှင့် ဇာတ်လမ်းများကိုသာ အများဆုံးသိရှိခဲ့ကြရခြင်းဖြစ်သည်။
