Skip to main content
Sep 26, 2025
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့်ဆက်နွှယ်သော လုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်ကြသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာပြီး နိုင်ငံ့စီးပွားရေးကိုလည်း မြှင့်တင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။
Sep 26, 2025
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ပြည်ပဝင်ငွေရှာဖွေရေးအတွက် အဓိကအားကိုးအားထားပြုရသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် လုပ်ငန်းလည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမဖြစ်မီ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဦးရေသည် ၁ ဒသမ ၄ ဘီလီယံထိ ရောက်ရှိခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခရီးသွားဧည့်သည်မှာ ကိုဗစ်- ၁၉ မတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Sep 25, 2025
စက်တင်ဘာ ၂၃ ရက်က တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဒေသများတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ စက်တင်ဘာ ၂၂ ရက်က တိုက်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် စူပါတိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသက်လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
Sep 25, 2025
ယဉ်ကျေးမှု၏ အနက်အဓိပ္ပာယ်နှင့် သဘောသဘာဝမှာ လွန်စွာကျယ်ဝန်းသကဲ့သို့ နက်လည်းနက်ရှိုင်းသည်။ ယဉ်ကျေးမှုသည် နိုင်ငံနှင့် လူမျိုးတို့၏ ကိုယ်ပိုင်ပစ္စည်းဥစ္စာသဖွယ်ဖြစ်သကဲ့သို့ အမှတ်သရုပ်လက္ခဏာလည်းဖြစ်သည်။ ယဉ်ကျေးမှုသည် လူတို့မွေးသည်မှစ၍ ဘဝတစ်လျှောက်ရှင်သန်နေထိုင်မှုမှသည် သေဆုံးသည်အထိ တွေးခေါ်၊ ပြောဆို၊ ပြုမူမှုအားလုံးမှာပါဝင်နေသည်။ ဤမျှများပြားလှသည့် ယဉ်ကျေးမှုကို သရုပ်ခွဲလျှင် တွေ့မြင်ထိကိုင်နိုင်သည့် ဒြပ်ရှိယဉ်ကျေးမှုနှင့် တွေ့မြင်ထိကိုင်နိုင်ခြင်းမရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်ခုခွဲခြားနိုင်သည်။
Sep 24, 2025
​​​​​​​အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” နှင့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
Sep 24, 2025
​​​​​​​မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် နိုင်ငံရေးနယ်ပယ်မှာ အဓိကကျသော နယ်ပယ်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု၊ ခေတ်နောက်ကျမှုသံသရာမှ ရုန်းထွက်နိုင်ရန် အစပျိုးတွန်းအားပေးနိုင်ရေး၊ ပြည်သူများကာယ၊ ဉာဏစွမ်းအားများဖြင့် ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းနိုင်ရေး၊ ထိရောက်သည့် အဆောက်အအုံပိုင်းဖွဲ့စည်းမှု၊ မှန်ကန်သည့် မူဝါဒများချမှတ်မှုတို့ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆောင်ရွက်နိုင်သည့် နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်သာဖြစ်သည်။
Sep 23, 2025
အစိုးရအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်ရန် အဓိကဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်ရန်ရှိသည်များကို သဘောတူထားပြီးဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်တမျှအလွန်အရေးကြီးသည်။
Sep 23, 2025
တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တစ်နည်းနည်းဆက်စပ် နေလေ့ရှိသကဲ့သို့ပင် ၎င်းအဖွဲ့အစည်းများ ရေရှည်ရှင်သန် ရပ်တည်ရေးအတွက် အရေးပါသည့် ဝင်ငွေရနည်းလမ်းများလည်း ဖြစ်နေလေ့ရှိရာ ထိထိရောက်ရောက် ဖော်ထုတ်တားဆီးနှိမ်နင်းသွားနိုင်ရန် လိုအပ်သည်။
Sep 22, 2025
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူတစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာနှင့် အတွေးအခေါ်ဗဟုသုတ ပြည့်ဝကြရန်လိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေသည့်အချိန်တွင် ပြည်သူများအားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှား၊ အမှန်၊ အကောင်း၊ အဆိုးတို့ကို ခွဲခြားသိမြင်နိုင်စွမ်းရှိရန် အထူးလိုအပ်သည်။ အတန်းပညာ၊ အတတ်ပညာ၊ အသိပညာတတ်မြောက်ရေးသာမက တွေးခေါ်ဆင်ခြင်နိုင်မှု ပြည့်စုံစေရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။
Sep 22, 2025
စာအုပ်များသည် အငြိမ်သက်ဆုံးနှင့် အခိုင်မြဲဆုံးသော မိတ်ဆွေများဖြစ်သကဲ့သို့ အနီးဆုံးတွင် ရှိနေသည့် ပညာဉာဏ်အကြီးဆုံး အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် စိတ်အရှည်ဆုံးသောဆရာများလည်း ဖြစ်ကြသေးသည်ဟု ချားလ်စ်ဝီလျံအဲလိယပ်အမည်ရှိ ပညာရှိတစ်ဦးက ဆိုသည်။ ၎င်း၏အဆိုအမိန့်က စာမဖတ်သေးသူများကို စာဖတ်လာကြစေရန် တိုက်တွန်းနေခြင်းဖြစ်သလို စာအုပ်များမှ မည်သည့်အရာများ ရရှိနိုင်သည်ကို ပြောပြနေသည့် သဘောဟူ၍လည်း ယူဆနိုင်သည်။