Skip to main content
Feb 13, 2023
“အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် ကိုတည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး၏ အသိဉာဏ်ပညာနှင့် စိတ်ရင်းစေတနာမှန်ကန်မှုသည် အဓိကကျပါသည်။ မိမိတို့အကျိုးစီးပွားထက် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ချိန်ထိုးစဉ်းစား လုပ်ဆောင်ကြရန်လိုအပ်ပါသည်။ မိမိတို့၏ ရပ်တည်ဆောင်ရွက်မှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျဖြင့် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြမှသာ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုရာရောက်မည်ဖြစ်ပါသည်။” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာပါအထက်ပါမှာကြားချက်သည် နိုင်ငံသူနိုင်ငံသားများ အလေးထားရမည့်အချက်ဖြစ်သည်။
Feb 13, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိနိုင်ရေးမှာ လွန်စွာအရေးပါလှသည်။ လျှပ်စစ်ဓာတ်အားရရှိရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အား အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းမှာ ယခင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည့်အတွက်လည်း ပါဝင်ကြောင်း နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးတွင်ပြောကြားခဲ့ပြီး ဓာတ်အားထုတ်လုပ်သုံးစွဲမှုများနှင့် စပ်လျဉ်း၍လည်း ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားခဲ့သည်။
Feb 11, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နှစ်ပေါင်းထောင်ချီကာလကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများ ထွန်းကားခဲ့သည့်နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးစု တစ်ရာကျော်တို့သည် သမိုင်းစဉ်တစ်လျှောက် အေးအတူပူအမျှ အခြေချနေထိုင်လာကြပြီး ကမ္ဘာ့အလယ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ခိုင်မြဲစွာရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။ ထိုသို့ နှစ်ပေါင်းထောင်ချီ အရှည်တည်တံ့စွာ ရပ်တည်နေထိုင်လာခဲ့ခြင်းသည် တိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှု အရင်းခံအကြောင်းကြောင့်ဖြစ်သည်မှာ အငြင်းပွားစရာမရှိပါ။
Feb 11, 2023
သယံဇာတပြည့်စုံကြွယ်ဝ၍ တည်နေရာအချက်အချာကျပြီး ဥတုသပ္ပါယ မျှတသည့်နိုင်ငံ၊ သင့်တင့်မျှတသည့်လူဦးရေ၊ မြေနှင့်ရေ အရင်းအမြစ်တို့ကြောင့် စားရေရိက္ခာအတွက် မည်သည့်အခါမျှ မကြောင့်ကြရသည့်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကျယ်ဝန်း ဆုံးသောနိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အဓိကတိုင်းရင်းသား လူမျိုးကြီး ရှစ်မျိုး၊ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ၁၃၀ ကျော်တို့ အတူတကွစုပေါင်းနေထိုင်ကြရာ နိုင်ငံဖြစ်သည့်အလျောက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ရေးသည် နိုင်ငံ၏ ပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ပါ လွန်စွာအရေးကြီးလှကြောင်း သတိပေးတိုက်တွန်း နှိုးဆော်လိုသည်။
Feb 10, 2023
နိုင်ငံတော်ကဖော်ဆောင်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်(၄)ရပ်တွင် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” နှင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး” အချက်တို့ပါရှိသည်။
Feb 10, 2023
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတော်အရေးပေါ်အခြေအနေကာလအတွင်း လုပ်ဆောင်ချက်နှင့် တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြချက်များ အရနိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆက်လက်လုပ်ဆောင်ရန်လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရသည်။
Feb 09, 2023
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် ၇၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ရာ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေ စိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် (၇၆) နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဂုဏ်ယူဖွယ်များစွာနှင့်အတူ သင်ခန်းစာယူဖွယ်များကိုလည်း တွေ့ရှိနိုင်သည်။ အတိတ်သမိုင်းတွင် မြန်မာနိုင်ငံတော်ကြီး ထွန်းလင်းတောက်ပခဲ့သည့် အခါသမယများသည် နိုင်ငံအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် တစ်သွေးတည်း၊ တစ်သံတည်း အင်အားခိုင်မာတောင့်တင်းခဲ့သော အချိန်များဖြစ်ပြီး မြန်မာတို့ ဘုန်းတန်ခိုးမှိန်သည့် ကာလသည် ဝါးအစည်းပြေသကဲ့ သို့ စည်းလုံးညီညွတ်မှု ပြိုကွဲသော ကာလပင်ဖြစ်သည်။ အဆုံးစွန်သော အခြေအနေတွင် လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ရပြီး ကျွန်သပေါက်ဘဝဖြင့် နိုင်ငံပျောက်ကွယ်သွားခဲ့ရသည်။
Feb 09, 2023
“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေး ရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသောဖက်ဒရယ် စနစ်ကို အခြေခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ် အရင်းခံကာ ချစ်ကြည် စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်သွား ကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
Feb 07, 2023
ကာယစွမ်းရည်၊ ဉာဏစွမ်းရည် သူတကာထက် ထူးကဲသာလွန်သူကို လူရည်ချွန်ဟုခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ဗလငါးတန်ထူးချွန်သူ တစ်နည်းအားဖြင့် ဘက်စုံထူးချွန်သူကို လူရည်ချွန်ဟုဆိုကြလေသည်။ ငယ်စဉ်ကာလပညာရှာမှီးနေစဉ် သူတကာတို့ထက် သာလွန်စွမ်းနိုင်သူတို့အား ရွေးချယ်ဖော်ထုတ်၍ လူရည်ချွန်အဖြစ်သတ်မှတ်ကြသည်။ လူရည်ချွန်သည် လူ့ဘောင်လောက ကြီးပွားတိုးတက်ရေးတွင် စွမ်းဆောင်နိုင်မည့်အစွမ်းအစရှိသူ လူ့အရင်းအမြစ်ဖြစ်သည်။
Feb 07, 2023
မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများနှင့် ကုန်းတွင်းပိုင်းတွင် ရေချိုမြစ်ချောင်းအင်းအိုင်များလည်း အများအပြားရှိသည့်အလျောက် ရေချိုရေငန် ငါးပုစွန်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များပေါများကြွယ်ဝသလို ပြည်တွင်းငါးစားသုံးမှုမှာလည်း မြင့်မားသည်။ အာဆီယံနိုင်ငံများအနက် ငါးစားသုံးမှု ဒုတိယအမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းစားသုံးမှုတွင် အသားထက် ငါးစားသုံးမှုက ပိုမိုများပြားကြောင်း စစ်တမ်းများတွင် တွေ့ရှိရသည်။