Skip to main content
Jan 15, 2023
နိုင်ငံရေးကို အခြားနည်းဖြင့်ဖြေရှင်းရာမှ စစ်ပွဲများဖြစ်ပေါ်လာသည်ဟူ၍ အဆိုရှိသည်။ အခြားနည်းဟုဆိုသည်ထက် အကြမ်းနည်းဟုဆိုပါက မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီဆီလျော်မည်ဖြစ်သည်။ နိုင်ငံ‌ရေးရည်မှန်းချက်များအတွက် လက်နက်စွဲကိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း နိုင်ငံလည်းနာ၊ ဒေသလည်းနာ၊ ပြည်သူလည်းနာခဲ့ကြရပြီးဖြစ်သည်။ စင်စစ်လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခဲ့ကြသူများပင်လျှင် နောက်ထပ်၊ နောက်ထပ် မျိုးဆက်များပြောင်းသွားခဲ့ကြပြီဖြစ်သည်။
Jan 14, 2023
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်အဖြစ် အစဉ်တစိုက် အသုံးပြုလာခဲ့သည်။ မျက်မှောက်ကာလ၌ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံးလျက်ရှိသည်။
Jan 14, 2023
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသများတွင် ဒေသခံပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဝေးလံ‌ခေါင်ဖျားဒေသများမှာ သွားရေးလာရေးခက်ခဲသည့်အလျောက် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးသည့်နေရာ၊ ဆရာဝန်များ လိုအပ်လျက်ရှိသည့်နေရာ၊ ခေတ်အဆက်ဆက်တွင် ကျန်းမာရေးအဆင့်အတန်းနိမ့်ကျခဲ့သည့် နေရာများပင်ဖြစ်သည်။
Jan 13, 2023
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှာ သိသိသာသာကျဆင်းသွားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့၏ နိုးနိုးကြားကြား တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်မှု ကင်းဝေးလာပြီဟုဆိုနိုင်သည်။ သို့သော် ကိုဗစ်-၁၉ရောဂါသည် မျိုးရိုးဗီဇမျိုးကွဲသစ်အမျိုးမျိုးအဖြစ် ပြောင်းလဲဖြစ်ပေါ်နေပြီး ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် ဆက်လက်ဖြစ်ပွားနေသဖြင့် ကိုဗစ်-၁၉ရောဂါကို ဆက်လက်သတိပြု ကာကွယ်ထားကြရမည်ဖြစ်သည်။
Jan 13, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ ပြည်သူလူထု၏ ဆန္ဒအမှန်ကို အကောင်အထည်ဖော်ပေးနေခြင်းပင်ဖြစ်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
Jan 12, 2023
ဒီမိုကရေစီစနစ်သည် အများပြည်သူတို့၏ ဆန္ဒသဘောထားကို အလေးထားသောစနစ်ဖြစ်၍ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ နိုင်ငံတစ်နိုင်ငံအား ဦးစီး ဦးဆောင်ပြုလုပ်မည့်ပုဂ္ဂိလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများအား မဲဆန္ဒရှင် ပြည်သူများ၏ မဲပေးရွေးချယ်ထားသည့် ရလဒ်ပေါ်မူတည်၍ နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက် ကြသည်။ ဒီမိုကရေစီစနစ်သည် ပြည်သူများကိုယ်စား နိုင်ငံကိုတာဝန်ယူဆောင်ရွက်ရသည် ဖြစ်၍ လျော်ကန်သင့်မြတ်ကောင်းမွန်ပေသည်။
Jan 12, 2023
မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု ရာခိုင်နှုန်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ၁ ရာခိုင်နှုန်း၏အောက်သို့ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၆၀ နီးနီး ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့်အပြင် ထပ်မံထွက်ပေါ်လာသည့် အိုမီခရွန်၏ မျိုးကွဲသစ်ကလည်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့လျက်ရှိသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ကူးစက်မှုများ မြင့်တက်မလာစေရေး အထူးဂရုပြုရန် လိုအပ်လာသည်။
Jan 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ အတိအလင်းချမှတ်ပြီး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟူသော ရှေ့လုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။
Jan 09, 2023
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ လူဦးရေသည် အချိန်နှင့်အမျှ စဉ်ဆက်မပြတ်တိုးတက်နေသည်။ ၂၀၂၂ ခုနှစ်အကုန်တွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်။ လူဦးရေတိုးတက်လာသည်နှင့်အတူ စားနပ်ရိက္ခာလိုအပ်မှုမှာလည်း လိုက်ပါမြင့်တက်လာမည်ဖြစ်သည်။ လူသားများနေ့စဉ်မဖြစ်မနေဖြေရှင်းနေရသည့် ပြဿနာများတွင် စားနပ်ရိက္ခာသည် အဓိကကျသောအရေးကိစ္စဖြစ်သည်။ ငွေရှိသော်လည်းစားနပ်ရိက္ခာမရှိလျှင် အဆိုပါငွေကြေးသည် မည်သို့မျှတန်ဖိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် စားနပ်ရိက္ခာသည် ပထမ၊ စားနပ်ရိက္ခာသည် ပဓာနကျသောကိစ္စဖြစ်သည်။
Jan 09, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများသည်လည်း အရေးပါသောအရင်းအမြစ်များဖြစ်ကြသည်။ သဘာဝသယံဇာတများဟုဆိုရာတွင် မြေနှင့်ရေတို့သည် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ရေးအတွက်အရေးပါပြီး သစ်တော၊ သတ္တု စသည့် သဘာဝသယံဇာတများမှာမူ ထုတ်ယူသုံးစွဲရေးအတွက်ဖြစ်သည်။ မိမိတို့နိုင်ငံသည် သစ်တော၊ သတ္တုသယံဇာတများကြွယ်ဝသည့် တိုင်းပြည်ဖြစ်သော်လည်း ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန်အတွက်မျှော်မှန်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။