Jul 04, 2023
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံပြီး ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၅ ဒသမ ၈ သန်းရှိသည်။ အဆိုပါလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားဦးရေထက် နှစ်သန်းကျော် ပိုမိုများပြားရာ နိုင်ငံအတွက် အဖိုးတန်သော လူသားအရင်းအမြစ်များပင်ဖြစ်သည်။
Jul 02, 2023
မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံတည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းလိုက်ရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအနက် ပထမဆုံးပင်ဖြစ်သည်။
Jul 01, 2023
မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ယခုနှစ် ပထမငါးလအတွင်း ပြည်ပသို့ဆန်တန်ချိန် ၃ ဒသမ ၄၇ သန်းတင်ပို့ခဲ့ရာ ဆန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉၆ သန်း ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အဆိုပါသတင်း၌ပင် ထိုင်းသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ရှစ်သန်းအထိ ပြည်ပသို့တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းလည်း ဖော်ပြထားသည်။
Jun 30, 2023
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုနှင့်ပတ်သက်၍ မုန်တိုင်းမတိုင်မီကာလ၊ မုန်တိုင်းတိုက်နေစဉ်ကာလ၊ မုန်တိုင်းလွန်ကာလများအတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးတက်ညီလက်ညီဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့ကြပေသည်။ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မဖြစ်ပွားအောင် တားဆီးနိုင်စွမ်းမရှိသော်လည်း ကြိုတင်ပြင်ဆင်လက်တွဲဝန်းရံ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မူလအခြေအနေမပျက်၊ မူလအခြေအနေထက်သာလွန်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။
Jun 30, 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်နှင့် သာသနိကအဆောက်အအုံများ တည်ဆောက်မှုတို့မှာ ပြီးစီးလုနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အခက်အခဲများစွာတို့ကို ရင်ဆိုင်ကျော်လွှား၍ ပမာဏအားဖြင့် ကြီးမားလှစွာသော လုပ်ငန်းများစွာတို့ကို ထက်သန်လှစွာသော သဒ္ဓါတရားဦးဆောင်လျက် လုံ့လဝီရိယ၊ ဉာဏ်ပညာခွန်အားတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
Jun 29, 2023
ငါးပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့်ငါးများ တည်တံ့တိုးပွားကာ ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးတို့အတွက် ငါးသားပေါက်သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာကနှိုးဆော်လျက်ရှိသည်။ မိုးဦးကျဇွန်၊ ဇူလိုင်လတို့တွင် မြစ်ချောင်းအင်းအိုင်များ၌ သဘာဝအလျောက် ဥချသားပေါက်ကြမည့် အထီးအမငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလအတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင် သောင်းနှင့်ချီ၍ ငါးများ တိုးပွားလာနိုင်မည်ဖြစ်သည်။
Jun 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် ပထမအချက်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” ဟု ချမှတ်ထားသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကလိုအပ်ချက်မှာ လူမှုဘဝတွင် လုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းစွာနေထိုင်နိုင်ပြီး စီးပွားဥစ္စာရှာဖွေစားသောက်နိုင်ရေးဖြစ်သည်။
Jun 27, 2023
ယခုနှစ်မိုးစပါးရာသီတွင် စပါးအထွက်တိုးရေးအတွက် မြေဆီလွှာဖွံ့ဖြိုးကောင်းမွန်လာစေရန် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မြေခံထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်သည်။ သစ်စိမ်းမြေဩဇာဆိုသည်မှာ စိုက်ပျိုးမည့်သီးနှံပင်များ အာဟာရ ရရှိနိုင်ရေးအတွက် ပိုက်ဆံလျှော်ပင်၊ ပဲမျိုးရင်း ဝင်အပင်များ စသည်တို့ကို စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြစ်သည်။
Jun 23, 2023
မူပိုင်ခွင့်ဟူသည် နိုင်ငံတစ်နိုင်ငံရှိ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးသည်။ မူပိုင်ခွင့်ဆိုသည်မှာ မည်သူသည် ထိုအရာအား အမှန်တကယ်ဖန်တီးသည်ဟု မှန်ကန်စွာအဆုံးအဖြတ်ပေးသည်။ မူပိုင်ခွင့်သည် ဥပဒေတစ်ခုဖြစ်ပြီး ဖန်တီးသူအတွက် ၎င်းဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမှုလွယ်ကူသည်။ မူပိုင်ခွင့်ရှိမှသာ ဖန်တီးထုတ်လုပ်သူအတွက် အခွင့်အရေးများပိုင်ဆိုင်နိုင်သည်။
Jun 23, 2023
မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုများကို မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြသည်။ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးက အဓိကဖြစ်သည့်အလျောက် အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်များ မွေးမြူထုတ်လုပ်နိုင်ရန် တိရစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်မှုက အရေးပါသည်။ တိရစ္ဆာန်အစာပင်များ အမြောက်အမြား ပိုလျှံစွာစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများလည်းရှိနေရာ မွေးမြူရေးတိရစ္ဆာန်များ အာဟာရပြည့် ကျွေးမွေးနိုင်ရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်သည်။
