Jan 21, 2023

ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းတွင် ချယ်ရီပန်းပွဲတော် (၂၀၂၃)ကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ ကျင်းပလျက်ရှိသည်။ ချယ်ရီပန်းများပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကိုအခြေခံကာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျိုင်းတုံနှင့် လွိုင်မွေသည် ချယ်ရီမြို့တော်၊ ချယ်ရီမြေအဖြစ် ထင်ရှားကျော်ကြားလာမည်ဖြစ်သကဲ့သို့ ချယ်ရီပန်းသည်လည်း လွိုင်မွေ၏ အထိမ်းအမှတ်သင်္ကေတဖြစ်လာမည်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းခြင်း၊ ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက်အောင် ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် ကမ္ဘာကျော်သည်အထိ အောင်မြင်ထင်ရှားလာမည်ဟု ယုံကြည်မိသည်။
Jan 19, 2023
ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကိုကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jan 19, 2023
,
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက်ပါဝင်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 19, 2023
တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရေး အထူးသတိပြုရန် ဇန်နဝါရီလ ၁၈ ရက်တွင် ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တွင် ဦးဆောင်ကော် မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အလေးအနက်မှာကြား သတိပေးခဲ့သည်။
Jan 19, 2023

အားကစားသည် ကျန်းမာကြံ့ခိုင်ရွှင်လန်းတက်ကြွစေသော နည်းစနစ်ဖြစ်သည်။ ပညာသည် အသိပညာဗဟုသုတနှင့် ဉာဏ်ပညာများတိုးပွားစေသည်။ အားကစားနှင့်ပညာ ပေါင်းစပ်လိုက်ပါက ကျောင်းနေပျော်ပြီး ပညာတော်သော မျိုးဆက်သစ်လူငယ်များ ဖြစ်စေမည်။ ထို့ကြောင့် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” အချက်သည် အနာဂတ်နိုင်ငံတော်အတွက် အားသစ်လောင်းပေးရေး ဆောင်ရွက် ချက်ဖြစ်သည်။
Jan 18, 2023

ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်းနေသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသောနိုင်ငံပေါင်းမှာ ၂၈ နိုင်ငံခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းလျက်ရှိသည်။
Jan 18, 2023

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးအဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စပါး၊ ပဲ၊ ပြောင်း တို့သာမက အခြားသော သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးအမည်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများကအများစုဖြစ်ပြီး ရင်းနှီးမြှုပ်နှံဝင်ရောက်လုပ်ကိုင်မှုနည်းပါးသည့်အတွက် နည်းပညာအရ၊ ထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးအရ၊ ဈေးကွက်အရ အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျလျက်ရှိသည်။
Jan 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံအတွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသအသီးသီးသို့သွားရောက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်သို့ရောက်ရှိစဉ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတို့ကို ဆွေးနွေးခဲ့သည်။
Jan 17, 2023

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော ရှေ့လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
Jan 15, 2023
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး တောတောင်ရေမြေ၊ တောင်တန်း၊ မြေပြန့်နှင့်မြစ်ဝှမ်းလွင်ပြင် စသည့်မြေမျက်နှာသွင်ပြင် စုံလင်သည့်နိုင်ငံဖြစ်သည်။ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများတွင်အထူးသဖြင့် တိုင်းရင်းသားမျိုးနွယ်စုများသည် မြင့်မားသောတောတောင်များတွင် နေထိုင်ကြပြီး ကျေးလက်ပြည်သူများသည် ဝေးလံခေါင်ဖျားဒေသများတွင် များသောအားဖြင့် နေထိုင်ကြသည်။