Skip to main content
Jan 19, 2026
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN - အာဆီယံ) ကို မတူကွဲပြားမှုများပြားသည့် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးစနစ်စသည်ဖြင့် ကွဲပြားခြားနားကြသည့် အဆိုပါနိုင်ငံများမှာ မတူညီသည့် နောက်ခံသမိုင်းကြောင်းများကို ဖြတ်သန်းခဲ့ကြရပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများမှာလည်း မတူညီ။ ဥရောပသမဂ္ဂကဲ့သို့သော နိုင်ငံအဖွဲ့အစည်းမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင် အာဆီယံ၏ ထူးခြားသည့်အနေအထားကို ပို၍ထင်ရှားစွာတွေ့မြင်နိုင်သည်။
Jan 18, 2026
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပထမအကြိမ်လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို တိတိကျကျ မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း ခုခံကာကွယ်ပြောကြားခဲ့သည်။
Jan 18, 2026
ငါးပါးသီလဆိုသည်မှာ လူသားဘဝကို ရရှိထားသူတစ်ဦးအနေဖြင့် စောင့်ထိန်းအပ်သော အခြေခံအကျဆုံး ကျင့်ဝတ် (၅) ခုဖြစ်သည်။ စာရိတ္တသီလ (ဆောင်သီလ) နှင့် ဝါရိတ္တသီလ (ရှောင် သီလ) ဟူ၍ နှစ်မျိုးကွဲပြားရာတွင် ဤအမှုကို မပြုကျင့်အပ်ဟု ပညတ်ကာ ရှောင်ကြဉ်ကြရသော ကျင့်ဝတ်ဖြစ်သည်။ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ သားမယားကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့သည် လူတိုင်းရှောင်ကြဉ်ကြရမည့် သီလ (၅) ခုပင်ဖြစ်သည်။
Jan 17, 2026
​​​​​​​ပုထုဇဉ်လူသားများအနေဖြင့် လူဖြစ်လာကြရာတွင် အလုံးစုံပြည့်စုံသည်ဟူ၍ မရှိပေ။ တစ်ခုခုလိုအပ်လေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။ သို့သော် အနာဂတ်လူ့ဘောင်လောကကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြမည့်သူများအနေဖြင့် အလုံးစုံပြည့်စုံအောင် (ဝါ) ဗလငါးတန်ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ ယနေ့လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်သဖြင့် ဗလငါးတန်ပြည့်စုံစေရန် အထူးလိုအပ်သည်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံးဖြစ်သည်။
Jan 17, 2026
​​​​​​​၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ပမာဏကြီးမားလှစွာသော မဲမသမာမှုများကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရအရေးပေါ်အခြေအနေနှင့် နိုင်ငံရေးအပြောင်းအလဲတို့ ဖြစ်ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ လက်ရှိအစိုးရက နိုင်ငံတာဝန်ကိုထိန်းသိမ်းခဲ့ရသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်စောင့်အစိုးရတစ်ရပ်အနေဖြင့် အန္တိမတာဝန်မှာ အခြေအနေပေးသည်နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးပြီး နိုင်ငံကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တင်ပေးရန်ပင် ဖြစ်သည်။
Jan 16, 2026
မြန်မာနိုင်ငံတွင် သမိုင်းကြောင်းနောက်ခံနှင့် နိုင်ငံရေးအခြေအနေများအရ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာသည်။ တပ်မတော်အနေဖြင့် မိသားစုချင်းဖြစ်၍ စိတ်ရှည်သည်းခံစွာဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ ဝိသမလောဘသားများနှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး မူးယစ်ဆေးဝါးလုပ်ငန်းများ ထူထောင်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ သယံဇာတများကို ထုတ်ယူခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားနှင့် ဒုစရိုက်လုပ်ငန်းများ ထူထောင်ခြင်းတို့ ပြုလုပ်လာသည်။
Jan 16, 2026
၅၁ ဒသမ ၃ သန်းကျော်သော နိုင်ငံ့လူဦးရေတွင် လူငယ်ဦးရေက သုံးပုံတစ်ပုံကျော်ရှိသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အရွယ်ရှိသော လူဦးရေအချိုးအစားများပြားခြင်းကြောင့် လူဦးရေဆိုင်ရာဆုလာဘ်ကို ရရှိနေသည်ဟူ၍ပင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင်ရော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာကပါဆိုထားသည်။ မြန်မာနိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းအရွယ်ရှိ နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်ရာ ဤမျှများပြားသည့် အားသစ်မာန်သစ်နှင့် တက်ကြွသည့် လူငယ်အင်အားများက နိုင်ငံအတွက် အဖိုးတန်အင်အားများပင်ဖြစ်သည်။
Jan 15, 2026
ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် စွန့်လွှတ်စွန့်စား ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ် ရေးရပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သော်လည်း စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိပြုမိ ကြရမည်ဖြစ်သည်။
Jan 15, 2026
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသတင်း၏ နောက်ဆက်တွဲသတင်းအရ အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများမှာ ပမာဏကြီးမားသည့် လုပ်ငန်းများဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် အများဆုံးသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မိုင်းရယ်မြို့နယ်အတွင်း နေရာသုံးနေရာမှ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ရသည်။
Jan 14, 2026
မျက်မှောက်ကမ္ဘာကြီးကို ပညာဖြင့်တည်ဆောက်နေကြသည်။ အသိဉာဏ်ပညာအဆင့်အတန်းမြင့်မားမှု အတိုင်းအတာအလျောက် နိုင်ငံများတိုးတက်မှုကို တွေ့နိုင်သည်။ လူ့ဘဝအားအသိဉာဏ်ပညာဖြင့် အစပြုပျိုးထောင် တည်ဆောက်ရသလို လူ့အသိုက်အဝန်းကိုလည်း ပညာဖြင့်သာဆောက်တည်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာဖြင့် အစပျိုးတည်ဆောက်လာရသည့် ကလေးသူငယ် လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများမှာ တစ်စတစ်စမြင့်မားလာသည်ကို တွေ့နိုင်သည်။ နိုင်ငံအနာဂတ်အတွက် လူငယ်သာလျှင်ပဓာန၊ လူငယ်သာလျှင် အဓိကဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။