Jan 09, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှာ လာမည့် မတ်လတွင် ပေါ်ပေါက်လာမည်ဖြစ်သည်ကို မိမိတို့သိရှိထားကြပြီးဖြစ်သည်။ လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပပြီးချိန်တွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက သဘောထားမှတ်ချက်ကောင်းများ ပေးခဲ့ကြသည်ကိုလည်း သတင်းများမှတစ်ဆင့် သိရှိကြရသည်။
Jan 08, 2026
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်၏ နောက်ဆုံးအချက်တွင်ပါရှိသည့် “ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပြီဖြစ်သည်။
Jan 08, 2026
ခြောက်သွေ့ရာသီစတင်သည့် နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့မှာ တောင်ယာမီး၊ တောမီးတို့အပါအဝင် မီးလောင်မှုများကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပွားသည့်ကာလများဖြစ်သည်။ လူ၊ အပင်နှင့် သက်ရှိသတ္တဝါများကို အန္တရာယ်ဖြစ်စေနိုင်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် တစ်နေရာမှ တစ်နေရာသို့၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ လေနှင့်အတူ အလွယ်တကူ ပျံ့နှံ့ရောက်ရှိစေနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။
Jan 07, 2026
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ တပ်မတော်က ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည့်မတ်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန်အတွက် ဒီမိုကရေစီစနစ်ကို အဆင့်ဆင့်ဖော်ဆောင်ပေးခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံတော်တွင် ဖြစ်ပေါ်ပြောင်းလဲမှု အခက်အခဲ၊ အကျပ်အတည်းများကို တပ်မတော်ကပင် ဦးဆောင်ဖြေရှင်းပေးခဲ့သည်။
Jan 07, 2026
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရန်မှာ လေးရက်မျှသာ ကျန်ရှိတော့သည်ဖြစ်ရာ ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မြို့နယ်ပေါင်း ၁၀၀ တို့တွင် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများမှာ အချိန်နှင့်တစ်ပြေးညီ ပြီးမြောက်လျက်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးနိုင်ခွင့်ရှိသူ လူဦးရေ၏ ထက်ဝက်ကျော်တို့က ဆန္ဒမဲပေးခဲ့ကြရာ အောင်မြင်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ နိုင်ငံရေးအသိနိုးကြားစွာဖြင့် ရွေးကောက်ပွဲများအပေါ် ပြည်သူများ စိတ်ဝင်တစားရှိခြင်း၊ တက်တက်ကြွကြွ ဆန္ဒမဲပေးခြင်းတို့က ရှေ့ဆက်ကြရမည့်ဒီမိုကရေစီခရီးအတွက် အရေးကြီးသည်။
Jan 06, 2026
နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့၊ အစိုးရတစ်ရပ်က ဆောင်ရွက်ခြင်းထက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စွမ်းဆောင်နိုင်သူများ၏ ပါဝင်ဆောင်ရွက်မှုအားသည် ပို၍အဓိကကျသည်ကို တွေ့မြင်နိုင်သည်။ ထိုသို့အင်အားများ စုစည်းပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် သမိုင်းကြောင်းတွင်လည်းကောင်း၊ မျက်မှောက်အခြေအနေတွင်လည်းကောင်း ထိရောက်သည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို နိုင်ငံတော်က လက်ခံယုံကြည်အသိအမှတ်ပြုပြီး ဂုဏ်ပြုလျက်ရှိသည်။
Jan 06, 2026
မြန်မာနိုင်ငံကို နယ်ချဲ့တို့ အပြီးအပိုင်သိမ်းခဲ့သည့် အချိန်အခါကို စာပေတို့က မြန်မာ့ဦးစွန်းအနောက်သို့ ယွန်းချိန်ဟု ဖွဲ့ဆိုမှတ်တမ်းတင်သည်။ နယ်ချဲ့တို့က မြန်မာဘုရင်နှင့် မိဖုရားကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟုလည်း ရေးသားခဲ့ကြသည်။ နိုင်ငံ၏ အထွတ်အထိပ်ရေမြေ့ရှင် ဘုရင်တစ်ပါးကို ဤမျှ အလွယ်တကူ ဖမ်းယူနိုင်ခဲ့ခြင်းမှာ မြန်မာတို့ စည်းလုံးညီညွတ်မှုပျက်ပြားနေခြင်းနှင့် ယင်းအခြေအနေကို နန်းတော်အတွင်းစည်းအထိ ရောက်ရှိနေသည့် သူလျှိုဒလန်များမှတစ်ဆင့် နယ်ချဲ့တို့က သတင်းများ အဆက်မပြတ်ရရှိနေခဲ့ခြင်းတို့ကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
Jan 05, 2026
မျက်မှောက်ကာလတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့်အုပ်စုများက နည်းလမ်းပေါင်းစုံအသုံးပြု၍ အမျိုးမျိုးနှောင့်ယှက်နေကြသည်ကို တွေ့ရမည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး “ရေကိုသား၍အကြားမထင်”ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုဖြင့် မိမိနိုင်ငံအရေးကို ရှေးရှုဆောင်ရွက်ကြမှသာ ရေရှည်တည်တံ့ပြီး တောင့်တင်းခိုင်မာသော နိုင်ငံအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။
Jan 05, 2026
နှစ်သစ်ကူးကာလ ပြည်တွင်းပြည်ပမီဒီယာများတွင် တွေ့ရှိရသည့် မီးလောင်ကျွမ်းမှု သတင်းများက မီးမပေါ့ဆကြရန် သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ခရန်မွန်တာနာ နှင်းလျှောစီးစခန်းရှိ ဘားတစ်ခုတွင် နှစ်သစ်ကူး ပါတီကျင်းပစဉ် မီးလောင်ရာ လူ ၄၀ ကျော် သေဆုံးပြီး ၁၁၅ ယောက်ဒဏ်ရာရရှိခဲ့ကြသည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မီးလောင်မှုကြောင့် ရှေးဟောင်း ဘုရားရှိခိုးကျောင်း တစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၆၀ ခန့် ဆုံးရှုံးခဲ့ပြီး လူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့ကြရသည်။
Jan 04, 2026
ယနေ့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက် (တနင်္ဂနွေနေ့) (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်အင်္ဂါလေးရပ်နှင့်ကိုက်ညီပြီး အခြားနိုင်ငံများနှင့်တန်းတူရည်တူ ရပ်တည်နိုင်ရန် မြန်မာတို့ အသက်သွေးချွေးရင်းနှီးကာ ကြိုးပမ်းရယူခဲ့ရသော နေ့ထူးနေ့တစ်နေ့ဖြစ်သည်။ လွတ်လပ်ရေးသည် နိုင်ငံသားပြည်သူလူ့အဖွဲ့အစည်း၏ လွတ်လပ်ခွင့်(ဝါ) လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် (ဝါ) လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး အပြည့်အဝခံစားပိုင်ခွင့်ဖြစ်သည်။
