Skip to main content

Nov 13, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး စေတီတော် တောင်ဘက်မုခ် ဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်ဆီ 92 RON သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal သုံးခုမှ အရောင်းဆိုင်များအားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျဉ်မမီခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၅ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ (ဗိုလ်ချုပ်ကြီးစိုးဝင်း - ဒေါ်သန်းသန်းနွဲ့ (မလေး-မုံရွာ) မိသားစုနှင့် အန်ကောခေတ်ယဉ်ကျေးမှု စာအုပ်ရေးသားသူ ဦးကျော်ညွန့ရည်-ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည်စာပေ) တို့က အလှူငွေကျပ် ၁၀ သိန်းစီ၊ ဗိုလ်တထောင်မြို့နယ်  စာရေးဆရာအသင်းက ငွေကျပ်သုံးသိန်း၊ ဦးဇော်မင်း (မင်္ဂလာကုမ္ပဏီ) မိသားစုနှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် နှစ်သိန်းစီ၊ ဆရာတော် ဘဒ္ဒန္တပဏ္ဍာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း)၊ ဆရာကြီး သူရဇော်-ခင်(တိုင်းရင်းမေ) စာပေမောင်နှံမိသားစု၊ ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals) မိသားစု၊ စာရေးဆရာတင့်တယ်မိသားစု (တင့်တယ်ရိပ်မွန်)၊ ဒေါ်ခင်မာမြင့် (မာမာညိုလင်း - မြန်အောင်)၊ ကျောက်တန်းမြို့နယ် စာရေးဆရာအသင်း၊ ကြည့်မြင်တိုင်မြို့နယ် စာရေးဆရာအသင်းနှင့် မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ လှိုင်မြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာကြယ်နီလေး(ဥပဒေ)၊   ဦးမိတ်(ပါမောက္ခ ဒေါက်တာမိတ်) မဟာအောင်မြေမြို့နယ်နှင့် စာရေးဆရာမ ပေါက်ပေါက်၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်းနှင့် ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ကွယ်လွန်သူ သက်ကြီးကန်တော့ခံစာပေပညာရှင် ဦးလှမြင့်(မောင်မဟာ) မိသားစု၊ ဦးခင်ဇော်ဝင်း (ခက်ဇော်-ကဗျာ-ဒေါ်မြင့်မြင့်အေး (ပန်းမြမွှေး) မအူပင်မြို့နယ်၊ မိုးယံ (တပ်ကုန်း) နှင့် တပ်ကုန်းမြို့နယ်၊ စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသောင်းစီ၊ အမရပူရမြို့နယ်၊ စာရေးဆရာအသင်းက ငွေကျပ် ၂၈ဝဝဝ၊ ဦးအောင်မျိုးဇော် (ဇဂျမ်းရွာ ကျောင်းအိုသား) နှင့် သင်းသင်းလှိုင် (တပ်ကုန်း) တို့က အလှူငွေကျပ်နှစ်သောင်းစီ၊ နွေကံ့ကော် မြို့လှ)- ပင်မြင့်စံ (ရွှေဘို) မိသားစုက ငွေကျပ် ၁၅၀၀၀၊ ဉာဏ်လင်း (တပ်ကုန်း) နှင့် သိန်းဝင်းမြင့် (တပ်ကုန်း)တို့က  ငွေကျပ် တစ်သောင်းစီ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်)တို့က လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ်၊ ၁၀/ ၂၀၂၃ နှင့် အမိန့်အမှတ် ၁၁/၂၀၂၃ တို့ဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးတို့အား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)တို့၏ နယ်မြေများဖြစ်သည့် သတ်မှတ်မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

သမိုင်းအစဉ်အလာနှင့် တည်တည်တံ့တံ့ စုစုစည်းစည်းဖြင့် နေထိုင်လာကြသော လူမျိုးစုံ သို့မဟုတ် လူပေါင်းစု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ လွှမ်းတည်ရာ၊ ပျံ့နှံ့ရာဒေသကို ပထဝီဝင်နယ်နိမိတ်အရ သတ်မှတ်ထားသည့်အခါတွင် ထိုနယ်မြေဒေသကို တိုင်းပြည် သို့မဟုတ် နိုင်ငံဟုခေါ်ကြပေသည်။ တိုင်းပြည်သည် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုဖြစ်ပြီး နိုင်ငံတော်သည် စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု ဖြစ်သည်။ တိုင်းပြည်နှင့်နိုင်ငံတော်သည် အချင်းချင်းကျေးဇူးပြုသောအားဖြင့်  ဆက်စပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မြို့နယ်အချို့တွင် အောက်တိုဘာ ၂၇ ရက်မှစ၍ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုများက ဒေသခံပြည်သူများနှင့်တကွ ဒေသတွင်းသို့ ရောက်ရှိနေကြသည့် ပြည်သူများကိုပါ အတိဒုက္ခကျရောက်စေသည်။ မန္တလေး-ပြင်ဦးလွင်-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို နေရာအချို့တွင် သွားလာ၍မရအောင် ဖျက်ဆီးဖြတ်တောက်ထားသဖြင့် မဖြစ်မနေသွားလာကြရသူ၊ တိုက်ပွဲရှောင်ကြရသူ ပြည်သူများမှာ ကား၊ ဆိုင်ကယ်များနှင့်ရော ခြေကျင်လမ်းလျှောက်၍ပါ လွတ်ကင်းရာလမ်းများမှ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲနှင့် သီပေါကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ရာ အဆိုပါလမ်းပိုင်း၌ပါ သွားလာ၍မရသည့်အခြေအနေသို့ ရောက်ရှိသွားရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၁၁-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၈၄၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

NCA ကို ဆန့်ကျင်ပြီးစစ်ပွဲခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် PDF တို့ကို ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အား​ပေးထောက်ခံပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်သီးစားသာမက သီးထပ်သီးညှပ်၊ နှစ်သီးစား၊ သုံးသီးစား စိုက်နည်းစနစ်များဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နေကြပြီ ဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် သီးနှံတစ်ဧကအထွက်တိုးစေရေးအတွက် ဓာတုဓာတ်မြေသြ ဇာများ တွင်ကျယ်စွာ အသုံးပြု လာကြသည်ကို မြင်တွေ့နေကြရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်၊ ပြောင်း၊ ချင်း၊ အာလူး၊ ခရမ်းချဉ်၊ လိမ္မော်၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ်စသည်များ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယင်းစိုက်ပျိုးသီးနှံများအနက် လိမ္မော်စိုက်ပျိုးပြီး ဝင်ငွေကောင်းမွန်လျက်ရှိသည့် ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထာငိုကျေးရွာမှ တောင်သူတစ်ဦးအား လိမ္မော်သီးများ စိုက်ပျိုးတင်ပို့ရောင်းချနေမှုအခြေအနေကို တွေ့ဆုံမေးမြန်းရေးသားလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2023

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups)များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်