မိုင်းခတ် မတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး အ.ထ.က (မိုင်းခတ်) စာစစ်ဌာန၌ ကျောင်းသားကျောင်းသူ (၁၆) ဦး အေးချမ်းစွာ ၀င်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းခတ်မြို့နယ်တွင် စာစစ်ဌာနများကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) နှင့် အရံစာစစ်ဌာနအနေဖြင့် အခြေခံပညာမူလတန်းကျောင်း (ဝမ်ပြန်) တို့တွင် ပြင်ဆင်ထားရှိပြီး ပထမနေ့ဖြေဆိုမှုအနေဖြင့် စာရင်းရှိ (၁၈) ဦးတွင် ပျက်ကွက်သူ (၂) ဦးရှိပြီး ဖြေဆိုသူ စုစုပေါင်း (၁၆) ဦးတို့က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
မိုင်းခတ်မြို့နယ် အ.ထ.က (မိုင်းခတ်) စာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မြို့ပေါ်ရပ်ကွက် ပတ်၀န်းကျင်နှင့် စာစစ်ဌာနဘေးပတ်၀န်းကျင်တွင် ဆူညံမှုမရှိစေရေးနှင့် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ၀င်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိုင်းခတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အပြင်စည်းလုံခြုံရေးအတွက် တာ၀န်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်