Dec 06, 2023
ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့သောခေတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်တို့နှင့် ကိုက်ညီခဲ့သည်။ ၎င်းပညာရေးစနစ်ဖြင့်ပင် မြန်မာများ စာပေတတ်မြောက်ကြပြီး ယဉ်ကျေးသိမ်မွေ့ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ခဲ့ကြသလို ကိုယ်ကျင့်တရားလည်း မြင့်မားခဲ့ကြသည်။
Dec 05, 2023
PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သား ပြည်သူများသွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
Dec 05, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Dec 05, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 05, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် အင်းတော်မြို့နယ်မှ Non CDM ဝန်ထမ်းများအား အလင်းဝင်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက်ပိုင်း ပညာရေးဝန်ထမ်းများအပါအဝင် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံတည်ဆောက်နိုင်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai PATRUSHEV အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 05, 2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင်သံတံတားတို့အား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့အား ဒီဇင်ဘာ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 05, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍတိုးမြှင့်ရေးအတွက် ဆွေးနွေးသည်။
Dec 05, 2023
မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး “အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ"ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့ကြသည်။
Dec 05, 2023
ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏မွေးနေ့၊ ထိုင်းနိုင်ငံ၏အမျိုးသားနေ့နှင့် Thailand's Father's Dayအထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ(၆)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြိုနယ်ပြည်လမ်းအမှတ်(၉၄)ရှိ ထိုင်းသံအမတ်ကြီး၏ နေအိမ်ခြံ၀န်း၌ကျင်းပရာ ဒုတိယ၀န်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀င်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
Dec 05, 2023
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်အား ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 05, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာအယ်လ်ဘတ်ခရီမော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံတွေေ့ဆုံသည်။
Dec 05, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆန်စပါးကဏ္ဍနှင့် ပဲ၊ ပြောင်း၊ နှမ်းကဏ္ဍ ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးသည်။
Dec 05, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။
Dec 05, 2023
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II) ၌ ကျင်းပသည်။
Dec 05, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။
Dec 05, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းမ၌ ယမန်နေ့ ညနေပိုင်းက အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 05, 2023
မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှဦးဆောင်ပြီး "အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ" ကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။
Dec 05, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
Dec 05, 2023
၁၉၈၀ ပြည့်နှစ်တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဦးတည်၍ အယူသီလတူမျှ ကြသော သုဓမ္မာ၊ ဒွါရ၊ ရွှေကျင်စသည့် ဂိုဏ်းကြီး ကိုးဂိုဏ်းကို အတည်ပြု၍ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကျင်းပကာ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းတော်မူနိုင်ခဲ့ကြပါသည်။ ယင်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းလျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်လာခဲ့ရာ ထိုအဖွဲ့အစည်းကြီး၏ သက်တမ်းသည်ပင် ပထမအကြိမ်မှစ၍ အဋ္ဌမအကြိမ်တိုင် ရောက်ရှိလာကာ နှစ်ပရိစ္ဆေဒအားဖြင့် ၄၃ နှစ်တိုင် ကြာညောင်းခဲ့ပြီး မယိမ်းမယိုင် ရပ်တည်လာနိုင်ခဲ့ကြပါသည်။ ယင်းသို့ဆောင်ရွက်နိုင်ခဲ့ကြခြင်းမှာလည်း ကျေးဇူးတော်ရှင် ရှေးရှေးဒီဃဒဿီဆရာအဆက် ဆက်၏ ဒက္ခ , အနလသ, ဝီမံသ အရည်အသွေးတို့ကြောင့် ဖြစ်ပါသည်ဘုရား။
