Skip to main content

ရွာငံမြို့နယ်၌ သမဝါယမအသင်းများသို့ ရန်ပုံငွေပေးအပ်

ရွာငံ ဒီဇင်ဘာ ၄

ရှမ်းပြည်‌နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးတို့က ရန်ပုံငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကော်ဖီကုန်ထုတ် လုပ်ငန်းဆောင်ရွက်နေသည့် မြို့နယ်သမဝါယမအသင်းစုသို့ ငွေကျပ်သန်း ၁၀၀၊ ထမင်း ပေါင်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ ငွေကျပ်သန်း ၁၀၀၊ မြိုင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ ငွေကျပ်သန်း ၁၀၀ နှင့် စိုက်ပျိုးရေးအစုအဖွဲ့နှစ်ဖွဲ့သို့ ငွေကျပ်သန်း ၁၆၀ စုစုပေါင်းငွေကျပ်သန်း ၄၆၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်