Skip to main content

Dec 06, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများအား ဖော်ထုတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက် တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးရွာကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပြီး ဒေသနေပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာ၊ မြောက်ကျောင်းစုကျေးရွာနှင့် ညောင်ကုန်းစံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

(၅) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (ယူနန်၊ တရုတ်) နှင့် ဒုတိယအကြိမ်မြောက် ယူနန်- နိုင်ငံတကာဆက်သွယ်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုက်ဂန်းညီလာခံခန်းမ၌ ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်နှင့် အဖွဲ့တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၅ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်းတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးခုတို့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ယမန်နေ့မှစ၍ ‌ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ် ရပ်ကွက် ၁၀ ခုမှ ပြည်သူ ၄၅၁ ဦး၊ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ခြောက်ခုမှ ပြည်သူ ၄၈၇ ဦး၊ သန်လျင် မြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၅ ခုမှ ပြည်သူ ၃၉၇ ဦးနှင့် ကျောက်တံတားမြို့နယ် ရပ်ကွက် လေးခုမှ ပြည်သူ ၃၄၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ရုရှားနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့အား ရုရှားသမ္မတမှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့တံဆိပ်များနှင့် မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးချက်များ၊ မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအားတရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေ၊ ၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် ဂျပန်နိုင်ငံ Niigata University တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ငါးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Agreement for Cooperation) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ပုဂံခေတ်လက်ကျန်သမိုင်းဝင်ကန်သုံးကန်ကို ပြန်လည်မွမ်းမံမှုများပြုလုပ်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ်(၅၀)ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာ မူဝါဒများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးထွက် ကုန်အခြေခံထုတ်လုပ်မှုလုပ်ငန်းများ ဖော်ထုတ်ခြင်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ပြည်တွင်းထုတ်ကုန်များ တိုးတက်မြင့်မားရေးနှင့် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်ခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်။ သို့သော် ငွေကြေးဆိုင်ရာလည်ပတ်မှုနှင့် ပြည်ပသွင်းကုန်တင်သွင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အားနည်းချက်များကြောင့် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတွင် အဟန့်အတားဖြစ်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်