Skip to main content

Dec 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ရောင်ပစ်ကွင်းကျေးရွာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများ ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲသို့ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

(၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအင်အား တောင့်တင်းခိုင်မာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတိုင်းပြည်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများမည်သို့ပင်ရှိနေသော်လည်း စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကျင်းပသွားမည်ဖြစ်ရာ ပြခန်းများခင်းကျင်းပြင်ဆင်မှု၊ ဖွင့်ပွဲအခမ်းအနားအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ ပွဲတော်တွင် ဝန်ကြီးဌာန ၁၅ ခုမှ ပြခန်းပေါင်း ၆၂ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များ၊ စာအုပ်အရောင်းဆိုင်များလည်း စီစဉ်ပါရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိ နှင့် မမေဦးကိုကို(ခ)မေဦးကြည်လင် တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်း တို့အား ALPHARD မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အနီးရှိ ဝါဆာဒီရွာသစ်တွင် ဒီဇင်ဘာ ၁၇ ရက်နေ့က တပ်မတော်မှ Mi-35 ရဟတ်ယာဉ်တစ်စီးပျက် ကျသွားကြောင်း ဒေသခံများထံက သိရသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မှ မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက် ရှိသည်ကိုတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း အောင်ချမ်းသာကျေးရွာကို ဒီဇင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းတွင် တပ်မတော်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

မွန်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးထုတ်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကို အခြေခံ၍ စက်မှုကုန်ချောထုတ်ကုန်များ ထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံစီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ​အောင်ဆန်းပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံနှင့် ဂျီတီစီပုံနှိပ်စက်ရုံတို့တွင် မူလတန်းကျောင်းသုံးစာအုပ်များ၊ ပြည်သူ့လက်စွဲနှင့် ရွှေသွေးဂျာနယ်အပတ်စဉ် ရိုက်နှိပ်ထုတ်ဝေနေမှုကို လည်းကောင်း၊ ပုံနှိပ်စက်ရုံများနှင့် ကုန်ကြမ်း၊ ကုန်ချောပစ္စည်းသိုလှောင်သော ဂိုဒေါင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပုံနှိပ်အရည်အသွေးကောင်းမွန်မှုကို အစဉ်မပြတ် ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းအဆင့်ဆင့်တွင် အမှားအယွင်းမရှိ‌အောင် ကြပ်မတ်​ဆောင်ရွက်ကြရန်၊ စက်ပစ္စည်းများ ထိခိုက်မှုမရှိစေရေးနှင့် ကုန်ကြမ်း၊ ကုန်ချောများ ဆုံးရှုံးမှုမရှိစေရန်၊ ဝန်ထမ်းကောင်းပီသစွာဖြင့် နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာစောင့်သိလျက် တာဝန်ယူ၊ တာဝန်ခံမှုတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မီးဘေးလုံခြုံရေး အပါအဝင်၊ စက်ရုံ၊ ဝန်ထမ်းတို့၏ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ ဖွင့်လှစ်မည်ဖြစ်ကြောင်း မင်းဘူးသစ်ထုတ်ရေး ဒေသတာဝန်ခံခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်း ရှင်းလင်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ (လွှတ်တော်ရုံးဟောင်း)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေးတာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရန် အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် (၁၈) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)သို့ သွားရောက်၍ ပြခန်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုနှင့် ဖွင့်ပွဲအခမ်းအနား ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်