Skip to main content

ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၁၁၁၂ ဒသမ ၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၇၆ လမ်းနှင့် ၂၇ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူဝေဠုအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၀၁၅ ကီလို၊ ကက်တမင်း သုညဒသမ ၀၀၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီ ၅ မိနစ်တွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၅၅ လမ်းနှင့် ၃၇ လမ်းထောင့်၌ ထွန်းဇော်(ခ)သားဝိန်(ခ)အားဝေ အား စိတ်ကြွရူးသွပ်ဆေးပြား ၈၆ ပြား၊ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ည ၈ နာရီခွဲတွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၅၄ လမ်းနှင့် ၄၀(ဘီ)လမ်းထောင့်ရှိ ထွန်းဇော်(ခ)သားဝိန် (ခ)အားဝေ၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၆၇၅ ကီလို၊ ကက်တမင်း သုည ဒသမ ၇၀၂ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဝေဠု ၃၇ နှစ်နှင့် ထွန်းဇော် (ခ) သားဝိန်(ခ)အားဝေ ၄၀ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်