Dec 18, 2023
မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ ဖွင့်လှစ်မည်ဖြစ်ကြောင်း မင်းဘူးသစ်ထုတ်ရေး ဒေသတာဝန်ခံခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။
Dec 18, 2023
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်း ရှင်းလင်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ (လွှတ်တော်ရုံးဟောင်း)၌ ကျင်းပသည်။
Dec 18, 2023
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေးတာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရန် အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် (၁၈) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
Dec 18, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)သို့ သွားရောက်၍ ပြခန်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုနှင့် ဖွင့်ပွဲအခမ်းအနား ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Dec 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၌ ကျင်းပသည့်(MSMEs) ဒေသထွက်ကုန်ပစ္စည်းများပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
Dec 18, 2023
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၂-၁၃၈၃ ပညာသင်နှစ်တွင် သာသနတက္ကသီလ ဓမ္မပါရဂူဘွဲ့ Ph.D တစ်ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ M.A ၁၀ ပါးနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ B.A ၂၈ ပါး စုစုပေါင်းသံဃာတော်အရှင်သူမြတ် ၃၉ ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၉)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၅ ခုနှစ် နတ်တော်လပြည့်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များထံသို့ ပင့်လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည်တွင်းသာသနာပြုဌာနခွဲတို့မှတစ်ဆင့် ပေးပို့ဆက်ကပ် ထားပြီးဖြစ်ပါသည်။
Dec 18, 2023
တရားမဝင်ကုန်သွယ်မှု သို့မဟုတ် မှောင်ခိုရောင်းဝယ်မှုသည် ခေတ်အဆက်ဆက်ကတည်းက ရှိလာခဲ့သောပြဿနာတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးစီးပွားထိခိုက်စေသော ရောင်းဝယ်ဖောက်ကားမှုဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုသည် ကျယ်ပြန့်နက်ရှိုင်းပြီး လူသုံးကုန်ပစ္စည်းအသေးအမွှားမှအစ မူးယစ်ဆေးဝါး၊ လက်နက်ပစ္စည်း စသည့်အကြီးစားများအထိပါဝင်သည်။ တရားမဝင်ကုန်သွယ်မှုကို အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်နေသော်လည်း ဆက်လက်ရှိနေသေးသည်မှာ ဝိသမလောဘသားများ အကျိုးအမြတ်များစွာဖြစ်ထွန်းမှု၊ ရှောင်ကွင်းလမ်းများရှိနေမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် မသမာမှုများရှိနေမှု၊ သတင်းအချက်အလက်ကြိုတင် မရရှိမှု၊ အရောင်းအဝယ် တွင်ကျယ်နေမှုစသည့် အကြောင်းများကြောင့် ဖြစ်နိုင်သည်။
Dec 18, 2023
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော်အဆင့် ကျင်းပသွားမည် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သော အဆိုပါညီလာခံကို ၂၀၁၉ ခုနှစ်တွင် အကြိမ်(၂၀)မြောက် ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ဆိုင်းငံ့ထားခဲ့ရာမှ ယမန်နှစ်က (၂၁) ကြိမ်မြောက် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
Dec 17, 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ရွှေမူလီကို တပ်ဆင်ပေးသည်။
Dec 17, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 17, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 17, 2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။
Dec 17, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 17, 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို တပ်ဖွဲ့တွေက စစ်ဆေးမှုပြုလုပ်ရာမှာ မှတ်ပုံတင်မပြနိုင်ရင် ငွေကျပ်တစ်သောင်းပေးဆောင်ဖို့ ဒဏ်ငွေရိုက်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်တဲ့ Delta News Agency က မဟုတ်မမှန်ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 17, 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ပုဇွန်မြောင်းကျေးရွာဝန်းကျင် ကျေးရွာများရှိ လယ်များတွင် စပါးရိတ်လိုပါက ကျပ် ၅ သိန်းနှုန်း စစ်တပ်ကိုပေးရသည်ဟု မြေလတ်အသံ - Myaelatt Athan လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 17, 2023
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်ကလေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ဓါတုလက်နက်ဗုံးများ အသုံးပြုမှုကြောင့် တော်လှန်ရေးရဲဘော်တချို့ အဆိပ်သင့်တာတွေ ဖြစ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၁ သတင်း ပြန်ကြားရေးတာဝန်ခံဆီက ပြောကြားသည်ဟု မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 17, 2023
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) (CHID ဘဏ်)၏ ဒသမအကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၌ ကျင်းပရာ CHID ဘဏ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ CHID Bank ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ ဘဏ်အစုရှယ်ယာရှင်များ၊ Win Thin & Associates မှ စာရင်းစစ်နှင့်တာဝန်ရှိသူများ၊ ဘဏ်မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 17, 2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၏ ပထမရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၂၁ သန်းရှိပါသည်။ သီးနှံရာသီပြက္ခဒိန်၏ ရလဒ်များပေါ်ထွန်းရာသီဖြစ်သည်နှင့်အညီ လယ်ယာထွက်ကုန်များစွာ လှိုင်လှိုင်တင်ပို့လာနိုင်တော့မည့်ကာလ ဖြစ်ပါသည်။ ယခုရက်သတ္တပတ်အတွင်း ဆန်၊ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ပြောင်း၊ ရော်ဘာ၊ သစ်သီးဝလံ၊ ဝဥ၊ ဂျင်းခြောက်၊ သီဟိုဠ်၊ ငရုတ်၊ ကွမ်းသီး၊ မန်ကျည်းသီးများ တင်ပို့နိုင်ခဲ့ပါသည်။
Dec 17, 2023
နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) (၂၉) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် ကျင်းပမည်
Dec 17, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါ ပုံး ၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဖုန်းအားသွင်းကြိုး ၁၀၄၄ ခုအပါအဝင် ကုန်ပစ္စည်း ၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၃၇၇၇၉၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၇၇၇၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
