Skip to main content

Dec 20, 2023

“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသော မြန်မာတို့၏ဆိုရိုးစကားအရ အစာအာဟာရကို ညီညွတ်မျှတစွာစားသုံးပါက ကျန်းမာရေးနှင့်ပြည့်စုံသည့်ချမ်းသာသုခကိုရရှိစေနိုင်ကြောင်းကို မြန်မာတို့ရှေးကပင်သိနားလည်ခဲ့ကြပုံပေါ်သည်။ သို့ရာတွင် စားရေရိက္ခာပြည့်စုံဖူလုံသည့် ရေခံ၊ မြေခံကောင်းတွင် နေထိုင်ကြရသော်ငြားလည်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့မှာ အစာအာဟာရတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက်တတ်မှုအရာတွင် အားနည်းလှသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မေဃဝတီကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည် ကြားရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ် (၅) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိရပ်တန့်ထားခဲ့ရကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၏ ဘဏ္ဍာငွေ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Mr. Pio Smith အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

အာဆီယံ - ဂျပန် ဗဟိုဌာန၏ ကူညီထောက်ပံ့မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း (၃) မျိုး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

နိုင်ငံခြားရေး၀န်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးဇော်ဖြိုး၀င်းသည် ကူဝိတ်နိုင်ငံ၏အကြီးအကဲ (ဘုရင်) His Highness Sheikh Nawaf al-Ahmad al-Jaber al-Sabah ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်က ကွယ်လွန်သွားခြင်းအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ် ၆၂/ဘီရှိ မြန်မာနိုင်ငံဆိုင်ရာကူဝိတ်နိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ၀မ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီးအလုံး ၂၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မှ သတင်းတု သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်တိုက်နယ်မှ ဒေသခံပြည်သူ ၂၀ ကျော်ကို တပ်မတော်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦးဖြစ်ကြောင်း လူမှုကွန်ရက်များတွင် မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန၊ စိန့်ပီတာစဘတ်အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ၊ စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စိန့်ပီတာစဘတ် ကွန်ဗင်းရှင်းဗျူရို၊ ရော့စ်ကွန်ဂရက်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ပူးပေါင်းစီစဉ်ကျင်းပသည့် စိန့်ပီတာစဘတ် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်နိုင်ရန် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ စိန့်ပီတာစဘတ်မြို့သို့ ထွက်ခွာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် Orchard Co.,Ltd. ၏ ငါးကျည်း၊ ငါးတန်၊ ငါးမြစ်ချင်းများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေလုပ်သားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားစေရေး၊ ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေး၊ ငါးဖမ်းထုတ်လုပ်မှုသာမက မွေးမြူထုတ်လုပ်ရေးကို အလေးပေးဆောင်ရွက်ရန်၊ မွေးမြူထုတ်လုပ်သူများ အနေဖြင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) များနှင့်အညီ ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ငါးမွေးမြူထားရှိမှုနှင့် နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) တွင်ကွန်ပျူတာအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် အကြီးတန်းစာရေး၊ အငယ်တန်းစာရေး ရုံးလုပ်ငန်း (မွမ်းမံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)ကျောင်းအုပ်ကြီးနှင့် သင်တန်း ဆရာ ဆရာမများ၊ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ သီးခြားလွတ်လပ်သော ပညာရှင်အဖွဲ့နှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်