Skip to main content

Jan 16, 2024

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအဝင် ကွန်ကရစ်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မန္တလေးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှအရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ခြောက်ပါတီမှပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

နိုင်ငံတော်က ဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများကို လူနာများအကျိုးရှိစေရေး ထိထိရောက်ရောက် အသုံးချရန်၊ အဓိကဆေးဝါးများ အခမဲ့ထောက်ပံ့ပေးရန်နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

​​​​​​​ဦးစိုးသွင် (သရက်မြို့ ဆုတောင်းပြည့်ဘုရားကြီးဂေါပကဥက္ကဋ္ဌ) ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မကွေးတိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြရာ အဆိုပါလာရောက် ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ ပါဝင်ဆောင်ရွက်ကြမည့် ရွှေကြိုလူငယ်မောင်မယ်များ လေ့ကျင့်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဗဟန်းမြို့နယ် ဖိုတိုလစ်သိုပုံနှိပ်စက်ရုံတွင် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အအုံ မြေနေရာတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား ရုံတို့တွင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ သတ္တမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

နိုင်ငံတကာအဆင့်မီ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မိတ်ဖက်ဥပဒေအဖွဲ့အစည်းမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

အဆင့်မြင့် သံတမန်ရေးရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄) နှင့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှုအထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို စျေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၂၅ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၂၄ သန်းဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၄၉ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

​​​​​​​ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မတူကွဲပြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် နှစ်ကာလရှည်လျားစွာ ကမ္ဘာ့အလယ်တွင် တည်တည် ငြိမ်ငြိမ် သိက္ခာရှိရှိ နေထိုင်လာခဲ့ကြသည်။ သို့သော် မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ကိုလိုနီလက်အောက် နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်း ကုပ်သွေးစုပ်အမြတ်ထုတ် သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 16, 2024

ယနေ့မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် လွတ်လပ်ရေးရပြီးကာလ ပြည်တွင်းလက်နက်ကိုင် ရောင်စုံသောင်းကျန်းသူများ နိုင်ငံအနှံ့အပြားတွင် ထကြွလှုပ်ရှားခဲ့သည့်ခေတ်နောက်ပိုင်း ပဋိပက္ခအထူပြောဆုံးအချိန်ပင်ဖြစ်သည်။ အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် အနီးဝန်းကျင်ဒေသများတွင် လက်နက် ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည့်အခါ ပြည်သူလူထုမှာ ကြားမှမြေစာပင်သဖွယ် ဖြစ်ရသည်။ နေအိမ်၊ ပစ္စည်းဥစ္စာ၊ ကျွဲနွား စပါးရိက္ခာများ၊ လက်ငုတ်လက်ရင်းလုပ်ငန်းကိုင်ငန်းများ ပျက်စီးဆုံးရှုံးကြရသည်။ နောက်ဆုံး မိမိတို့၏အသက်ခန္ဓာတည်မြဲနိုင်ရေးအတွက် ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းကြရသည်။ အချို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များအထိ ရွှေ့ပြောင်း နေထိုင်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2024

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2024

မကွေးတိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ၄၈ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2024

၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ  ၁၅  ရက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် စိစစ်ဆဲဖြစ်သည့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ ပါတီခေါင်းဆောင်ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာပါတီက တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ၁၅-၁-၂၀၂၄ ရက်နေ့၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)က သဘောတူခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ဆက်လက်ဖတ်ရှုရန်

Jan 15, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငပြေမကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ မရမ်းကွင်းကျေးရွာနှင့် ကညင်ချောင်းကျေးရွာတို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့က စမတ်ကတ်၊ မှတ်ပုံတင်နှင့် ဧည့်စာရင်းများ လိုက်လံစစ်ဆေးပြီး မရှိသူတွေကို ရိုက်နှက်ခြင်း၊ ငွေညစ်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2024

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စုရှိ တောင်ခမောက်ကျေးရွာနှင့် မအူကွင်းကျေးရွာတို့ကို ပြည်သူ့စစ်ဖွဲ့ရန် ငြင်းပယ်မှု၊ တပ်သားသစ်စု ဆောင်းမပေးမှုတို့ကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၇-၁-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၁-၂၀၂၄) ရက် နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၂၃၂) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်