Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။ အဆိုပါအသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည့် ၂၄-၅-၂၀၂၄ ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါလူပုဂ္ဂိုလ် (၃၉)ဦးတို့အား စိစစ်ဖော်ထုတ်ပြီး ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိပါသည်-

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန် ထပ်မံအသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၄-၆-၂၀၂၄)