Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်အသီးသီးက လှူဒါန်းသည့် ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းစာအုပ်များကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် ပရိယတ္တိစာသင်တိုက်ကြီးများသို့ သွားရောက်လှူဒါန်း

မန္တလေး ဇွန် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်အသီးသီးက လှူဒါန်းသည့် ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်ကျမ်းစာအုပ်များကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေ ခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ပရိယတ္တိစာသင် တိုက်ကြီးများသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်သည့် မစိုးရိမ်တိုက်သစ်၊ အဝေရာရာမ ရန်ကင်းကျောင်းတိုက်နှင့် မြတောင်ကျောင်းတိုက်များသို့ ရောက်ရှိစဉ် ဆရာတော်ကြီးများအား ဖူးမြော်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်ကျမ်းစာအုပ်များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဆရာတော်ကြီးများထံ လျှောက်ထားပြီးဩဝါဒများ ခံယူခဲ့သည်။

ထိုသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပရိယတ္တိစာသင်တိုက်ကြီးများသို့ သွားရောက်လှူဒါန်းရာ၌ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းတိုက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုပြီး ဆရာတော်ကြီး ၃ ပါးထံသို့လည်းကောင်း၊ အဝေရာ ရာမရန်ကင်းကျောင်းတိုက်၊ စိန်ရတုပိဋကတိုက်နှင့် ပြတိုက်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အစိုးရနှင့် သကျသီဟဓမ္မာစရိယပါဠိပါရဂူဆရာတော် ဘဒ္ဒန္တ ဩဒါသိရီဘိဝံသ အမှူးပြုပြီး ဆရာတော်ကြီး ၃ ပါး ထံသို့လည်းကောင်း၊ မြတောင်ကျောင်းတိုက်၊ နှစ် ၁၀၀ ပြည့်ဗိမာန်တော်ကြီးတွင် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပဒေသာရွှေကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသအမှူးပြုပြီး ဆရာတော်ကြီး ၃ ပါးထံသို့လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။      

သတင်းစဉ်