Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ဟင်္သာတ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူမျာသည် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့က ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုစုကျေးရွာရှိ “ငွေသောင်ယံ”ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ ရေဝင်ဒေသနေ ဒေသခံပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့်အတူလိုက်ပါလာသော တိုင်း/ခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ မိမိတို့ဌာနများနှင့်သက်ဆိုင်သော ကိစ္စရပ်များအား ပြည်သူများအား အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ဒေသခံပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များတင်ပြလာမှုအပေါ် ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ရေဝင်ဒေသနေဒေသခံပြည်သူများအား တစ်အိမ်ထောင်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၂)ထုပ်၊ ရေသန့်(၅)ဘူးနှင့် ကျောင်းသား/သူ များအတွက် ကျောင်းသုံးစာအုပ်(၂၀)ဒါဇင်၊ ဘောပင်(၂)ဗူးစီတို့အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဒေသခံပြည်သူများထံ လက်ရောက်ပေးအပ်လှူဒါန်းခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာအိတ်၊ တိရိစ္ဆာန်သုံးဆေးဝါးများအား ဒေသခံပြည်သူများထံ လက်ရောက်ပေးအပ်လှူဒါန်းခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသန့် ဆေးပြားများအား အသုံးပြုမှုစနစ်လက်တွေ့ပြသ၍ ဒေသခံပြည်သူများထံ လက်ရောက်ပေးအပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ကုက္ကိုစု-လက်ပံစု)သို့ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ ပညာသင်ကြားနေမှု အခြေအနေများ၊ ကျောင်းအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ကျောင်းစာသင်ဆောင်များ၏ အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ လက်ပံလှကျေးရွာအုပ်စု၊ လက်ပံလှ ကျေးရွာရှိ လက်ပံလှဘုန်းကြီးကျောင်းသို့ရောက်ရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကာ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရေဝင်ဒေသနေဒေသခံပြည်သူများအား အားပေးစကားပြောကြားခြင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများမှ မိမိတို့ဌာနများနှင့်သက်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးပြောကြားခြင်း၊ ဒေသခံပြည်သူများမှ လိုအပ်ချက်များတင်ပြလာမှုအပေါ် ဝန်ကြီးချုပ်မှ ပေါင်းညှိနှိုင်းဖြည့်ဆည်းပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ရေဝင်ဒေသနေ ဒေသခံပြည်သူများအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခြင်း များ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ သဲထုံးကျေးရွာရှိ သာသန အောင်မြေဘုန်းကြီးကျောင်းသို့ရောက်ရှိခဲ့ပြီး အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်သော ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရေဝင်ဒေသနေ ဒေသခံ ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ တိုင်း/ခရိုင်အဆင့်သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ မိမိတို့ဌာနများနှင့် သက်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးပြောကြားခြင်း၊ ဒေသခံပြည်သူများမှ လိုအပ်ချက်များတင်ပြလာမှုအပေါ် ဝန်ကြီးချုပ်မှ ပေါင်းညှိနှိုင်းဖြည့်ဆည်းပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ရေဝင်ဒေသနေ ဒေသခံပြည်သူများအား ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးမှ ဒေသခံပြည်သူများထံ လက်ရောက်ပေးအပ်လှူဒါန်းခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အစာအိတ်၊ တိရစ္ဆာန်သုံးဆေးဝါးများအား ဒေသခံပြည်သူများထံ လက်ရောက်ပေးအပ် လှူဒါန်းခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသန့်ဆေးပြားများအား ဒေသခံပြည်သူများထံ လက်ရောက်ပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဟင်္သာတမြို့နယ်အတွင်းရှိ ရေဝင်ဒေသများဖြစ်သော ပဲကြီးကျွန်းအုပ်စု၊ လက်ပံလှအုပ်စု၊ သက္ကယ်ပြင်အုပ်စုတို့အတွက် တစ်အုပ်စုလျှင် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ကတ်များ စုစုပေါင်းထောက်ပံ့လှူ ဒါန်းငွေ(၁၃,၂၆၀,၀၀၀) ကျပ် တန်ဖိုးရှိပစ္စည်းများအား အိမ်ထောင်စု(၁၄၁၁)စုအတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအိတ်၊ တိရစ္ဆာန်သုံးဆေးဝါးများအား လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေသန့်ဆေးပြားများအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)