Skip to main content

ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

မြန်မာနိုင်ငံရှိ ဆေးဝါးသုံးစွဲသူပြည်သူများ ပြည်တွင်း၌ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၌ ဇူလိုင် ၁၇ ရက်မှ ၃၁ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်မှအပ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) ဆေးဝါးရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို အဆိုပါဆေးရောင်းချပွဲတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်