Skip to main content

Mar 01, 2020

မယ်စဲ့ မတ် ၂

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယမန်နေ့က ဟိုဂျစ်ကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

မယ်စဲ့ မတ် ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ (၂) ထပ် ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေ ၅ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ မြို့မိမြို့ဖ ဦးခင်မောင်ဌေးတို့က မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ(၂)ထပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော် မတ် ၁

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက် ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အား လိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

မြန်မာနိုင်ငံတွင်ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသသည့်လုပ်ငန်းမှာ ၁၉ဝဝ ပြည့်နှစ်တွင် စတင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများက ဆိုသည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်ခံ ကိုလိုနီနယ်ပယ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဘဝ ကျရောက်နေရဆဲ ကာလဖြစ်သည့်အလျောက် ရုပ်ရှင်ပြသသည့် လုပ်ငန်းများမှာလည်း အိန္ဒိယမှ ဝင်ရောက်လာ ခဲ့ခြင်းဖြစ်သည်။ ပြသသည့် ဇာတ်ကားများမှာလည်း ဟောလိဝုဒ်မှထုတ်လုပ်သည့် ဇာတ်ကား များဖြစ်ပြီး မြန်မာရုပ်ရှင်ဟူ၍ မပေါ်သေး။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော် မတ်  ၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားပြုသော နိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းထောင်ချီကာလကတည်းက မြန်မာနိုင်ငံသားအများစုမှာ တောင်သူ လယ်သမားများ သို့မဟုတ်လယ်ယာကဏ္ဍကို အမှီပြုလုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများမှ ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန်  မတ် ၁

မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေး ပါဝင်ကူညီ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ First Voice Chairman Mr. Hiroshi Shimada နှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ မြန်မာနိုင်ငံ ကင်းထောက်ကြီး များနှင့် ဖေဖော်ဝါရီ ၂၇ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Brainworks Total International School ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန် မတ် ၁

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ်၁၀၀ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကော်မတီ က ကြီးမှူးကျင်းပသည့် ဥပဒေပညာဌာန နှစ်၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ရှေ့၌ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း တက်ရောက် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော် မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ များ နေထိုင်ရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် ဝန်ထမ်းအိမ်ရာ များ ပေးအပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဝမ်လုံ)တွင် ကျင်း ပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော် မတ် ၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၈)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်း လှူပွဲကို ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါ သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်