Mar 01, 2020
ရွာသစ် မတ် ၁
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ရွာသစ်မြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Mar 01, 2020
ထားဝယ် မတ် ၁
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီက ထားဝယ် - မြိတ် - ကော့သောင်းလမ်း (မလွှဲတောင်လမ်းအပိုင်း) ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာနကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Feb 29, 2020
ယနေ့ ကမ္ဘာတစ်ခွင်သည် မြေထု၊ လေထု၊ ရေထု အစရှိသော ကမ္ဘာမြေနှင့် ဆက်စပ်တည်ရှိရာ ပတ်ဝန်းကျင်သည် ညစ်ညမ်းလာနေပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို လူသားတို့ ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ လိုပြီဖြစ်ကြောင်း စသည်ဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ကြေညာ ပြောဆိုနေ၏။
Feb 29, 2020
လူ့ဘောင်လောကသည် ပြဿနာမျိုးစုံ ရောပြွမ်းနေသော လောကကြီးဖြစ်သည်။ လူသားမှန်လျှင် ပြဿနာတို့ကို မှန်မှန်ကန်ကန် ဖြေရှင်းတတ်ရမည်ဖြစ်သည်။ ပြဿနာကိုဖြေရှင်းရာ၌ ပြဿနာ ဇာစ်မြစ်၊ ပြဿနာ အရင်းခံကိုသိမှသာ ဖြေရှင်း၍ရနိုင်မည်ဖြစ်သည်။ ပြဿနာကို သိသည်ဆိုရာ၌ ကိုယ်တိုင် စူးစမ်းလေ့လာရှာဖွေခြင်းနှင့် တစ်စုံတစ်ဦးက အသိပေးခြင်း၊ သတင်းပေးခြင်း၊ တိုင်ကြား ခြင်းဖြင့် ပြဿနာအကြောင်းရင်းကို သိနိုင်ပေသည်။ ထိုသို့သိမှသာ ပြဿနာပြေလည်ရေး၊ ပပျောက်ရေး၊ ပြီးဆုံးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Feb 29, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့် အမှာစကား ပြောကြားသည်။
Feb 29, 2020
(၂၉-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 29, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၉
ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များအတွက် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များလေ့လာ ဆည်းပူးသင်ယူနိုင်ရေး၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့်သက်မွေးပညာ ကဏ္ဍများအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေရေး အတွက် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရစက်မှုလက်မှု သိပ္ပံ(လွိုင်ကော်) ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Feb 29, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၉