Skip to main content

Mar 04, 2020

နေပြည်တော် မတ် ၄

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန − ၂ (MICC – 2) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော်   မတ်   ၄

ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ အား လက်ခံကျင့်သုံးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မြစ်ကြီးနား မတ် ၄

ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှု စာချွန် လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိ ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၄

အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌမသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ် ၃

တရုတ်နိုင်ငံသို့ တစ်နေ့လျှင် မြန်မာ့ ဖရဲ၊ သခွားကုန်ကားအစီးငါးရာ တင်ပို့ခဲ့ရာမှ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် ဝယ်လိုအား ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလကုန်တွင် ကားအစီး နှစ်ရာကျော်ခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၃

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။

Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁) ကြိမ် ကြုံတွေ့ရလေ့ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

 

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲတော် (Japanese Classic Film Festival)ကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် မတ် ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး   မတ်     ၄

တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူရာ ဟိုတယ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်