Jul 07, 2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်
Jul 07, 2021
အာဆီယံ- ရုရှားနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်သည်။
Jul 07, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 07, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်အမှတ် ၂၇၆/၂၀၂၁ ၊ ၁၃၈၃ ခုနှစ်၊နယုန်လပြည့်ကျော် ၁၂ ရက် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)
Jul 07, 2021
သတ္တဝါတို့သည် မိမိတို့ပြုလုပ်သော ကောင်းကံ၊ ဆိုးကံအတိုင်းသာ စံကြရ၊ ခံကြရသည်။ ထိုကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်းမရှိပေ။ မလွဲမသွေဧကန်မုချဖြစ်တတ်သော သဘောရှိ၍ “နိယာမတရား” ဟုခေါ်သည်။ ကံနှင့် ကံ၏အကျိုးတို့ကို ဖော်ဆောင်ထားသော ကမ္မနိယာမသည် အလွန်ဆန်းကြယ်လှသည်။ ကမ္မသဘောအရ မိမိအမှုကို မိမိတာဝန်ယူရခြင်းသာလျှင် ဖြစ်သည်။
Jul 07, 2021
ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကို အလိုရှိပါသည်ဟု လူတိုင်းက ဆိုကြလိမ့်မည်။ နေဝင်မီးငြိမ်း အထိတ်ထိတ် အလန့်လန့်နဲ့ သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံရသည့် အခြေအနေမျိုး၊ ခြံတံခါး အိမ်တံခါး အထပ်ထပ်ကို သော့ခတ်၍ လုံအောင်ပိတ်ကာ ပျော်ရွှင်မှုတို့ဆိတ်သုဉ်းနေ ရသည့် အချိန်အခါမျိုးကို မည်သူမျှ လိုလားကြမည်လည်း မဟုတ်။ သို့ဆိုလျှင် ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကို တညီတညွတ်တည်း တည်ဆောက်ကြရန် လိုအပ် လာသည်။ တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အား လူတိုင်းပါဝင်၍ အားလုံးဝိုင်းဝန်း တည်ဆောက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး အကွဲကွဲအပြားပြား အနီးနီးအဖုံဖုံ ကိုယ့်အတွေးနှင့် ကိုယ်တည်ဆောက်နေကြ၍မူအောင်မြင်နိုင်မည်မဟုတ်။
Jul 06, 2021
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 06, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)