Jul 18, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပထမဆုံးအကြိမ် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ကြိုဆို လက်ခံ၍ လက်နက်၊ ခဲယမ်းများလွှဲပြောင်း လက်ခံရယူပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို ပြုလုပ်ကြသည်။
Jul 18, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ဇူလိုင်လ ၁၇ ရက်ညပိုင်းက အကြမ်းဖက် သမားတစ်ဦးက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်ပစ်ဗုံးအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သယ်ဆောင်လာသည့် အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Jul 18, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံ အသုံးပြု၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ဇူလိုင် ၁၇ ရက် နံနက် ၆ နာရီ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာတွင်နေထိုင်ပြီး အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာမ ၇ ဦးတို့၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက “ဆရာ၊ ဆရာမများ CDM ပြုလုပ်ရန်၊ ကျောင်းဆက်တက်ခြင်းဆက်လက်မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် သတိပေးခြင်း” ဟု ရေးသားထားသည့် ခြိမ်းခြောက်စာနှင့်အတူ ကျည်ဆံတစ်ထောင့်တို့အား အသီးသီးလာရောက်ပစ်ချ ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
Jul 18, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 18, 2022
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(B)ရုံ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။
Jul 18, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 18, 2022
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှု၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးနေမှုနှင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 18, 2022
(၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) သို့ရောက်ရှိပြီး ပါလီမန်အဆောက်အအုံနေရာ၊ နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် အဆိုပါ အစည်းအဝေးခန်းမအတွင်းရှိ ခင်းကျင်းပြသထားသည့် ပြသပစ္စည်းများနှင့် ခင်းကျင်းပြသထားမှုများကို လှည့်လည်စစ်ဆေးသည်။
Jul 18, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (၂၀၂၂-၂၀၂၆ ခုနှစ်) တွင် ပါဝင်တာဝန်ထမ်း ဆောင်ကြမည့်ပုဂ္ဂိုလ်များကို ဂုဏ်ပြုကြိုဆိုသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
Jul 18, 2022
၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက်နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
Jul 18, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အလုပ်သင်(နေ့စား) ဝန်ထမ်းများအား ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဆိုင်ရာ နည်းပညာပေး သင်တန်းဆင်းပွဲကို ငါး လုပ်ငန်းဦးစီးဌာန(ရုံးချုပ်)တွင် ဇူလိုင် ၁၅ ရက်က ကျင်းပသည်။
Jul 18, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၁၆ ရက်က နေပြည်တော်ရေဆင်းရှိ စက်မှုလယ်ယာသင်တန်းကျောင်း တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
Jul 18, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Jul 18, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Jul 18, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မိုးလုံလေလုံအားကစား (A) ရုံ၌ ကျင်းပသည်။
Jul 18, 2022
ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
Jul 18, 2022
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (အင်္ဂါနေ့) (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို
Jul 18, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေး စခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက်အပြည့်အစုံမှာ -
Jul 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက်က ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံပြည်နယ်မှူးဦးစီးသည့်အဖွဲ့သည် မြဝတီ-မော်လမြိုင် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုများဆောင်ရွက်နေစဉ် ကျားက လေးလမ်း ကျုံဖဲကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေးခဲအသားတုမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော တိုယိုတာ ဟိုင်းလပ် ဗင်ဂို အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၃၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jul 18, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
