နေပြည်တော် ဇူလိုင် ၁၈
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(B)ရုံ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။
(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက (၃)ပွဲ(၂)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၀) မကလျာဝင်းကလည်းကောင်း၊ အကောင်းဆုံး ပင့်ထောင်ဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၉) မနန္ဒာဝင်းပြည့်ကလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂) မဆုမွန်သဲကလည်းကောင်း၊ အကောင်းဆုံးပိတ်ဆို့ဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇) မသူဇာအောင်ကလည်းကောင်း၊ အကောင်းဆုံးခုခံဆယ်မဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၅) မညိုလှိုင်မြင့်ကလည်းကောင်း၊ အကောင်းဆုံးဘော်လီဘော(အမျိုးသမီး) အားကစားသမားဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇)မသက်ထားတို့ကို အကောင်းဆုံးဆုနှင့်ငွေသားဆု ကျပ်(၁) သိန်းစီကိုလည်းကောင်း၊ (အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းအား ငွေသားဆုကျပ်(၁၀)သိန်းကို ကာကွယ်ရေးဝန်ကြီးဌာန တပ်ထိန်းချုပ် ဗိုလ်ချုပ်သက်ထွန်းဦး မှလည်းကောင်း။ (အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅) သိန်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီး ဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀)ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လည်းကောင်း။
ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် အကောင်းဆုံး စပေးဘောဆုကို နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းမှ ကျောနံပါတ်(၇) မောင်ပြည့်စုံထွေး ကလည်းကောင်း၊ အကောင်းဆုံးပင့်ထောင်ဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂) မောင်မင်းဟိန်းခန့်ကလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၉) မောင်လှိုင်ဝေကျော်ကလည်း ကောင်း၊ အကောင်းဆုံးပိတ်ဆို့ဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၆) မောင်ကျော်ဇေယျကလည်းကောင်း၊ အကောင်းဆုံး ခုခံဆယ်မဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၂) မောင်ခိုင်မင်းမှလည်းကောင်း၊ အကောင်းဆုံး ဘော်လီဘော (အမျိုးသား) အားကစားသမားဆုကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၇)မောင်တိုးမင်းမောင်တို့ကို အကောင်းဆုံးဆုနှင့် ငွေသားဆုကျပ်(၁)သိန်းစီကိုလည်းကောင်း၊ (အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းအား ငွေသားကျပ်(၁၀)သိန်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းကလည်းကောင်း။
ဆက်လက်၍ (အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀)ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ကလည်းကောင်း။
(အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်သိန်း(၃၀)နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို အားကစားနှင့်လူငယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း။
(အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်သိန်း(၃၀)နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်