Jul 19, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 19, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက်ဇူလိုင် (၁၈)ရက် နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် Asia World ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းထားသည့် ခုတင်-၁၂၀ ဆံ့ သုံးထပ်လူနာဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု၍ လူနာဆောင်အသုံးပြုနိုင်ရေးနှင့် ကူးစက်မြန်ရောဂါလူနာများ ထားရှိနိုင်ရေးတို့အတွက် မှာကြားခဲ့သည်။
Jul 19, 2022
ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသမှုဖြင့် အများပြည်သူ့နှင့် လူမှုရေးအသင်းအဖွဲ့များ လာရောက်ဂါဝရပြုခဲ့ကြသည်။
Jul 19, 2022
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 19, 2022
(၇၅)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။
Jul 19, 2022
ဘဏ်များအနေဖြင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်
Jul 19, 2022
သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြောက်လှန့်မှုတွေကြောင့် ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားတွေ၊ ကျောင်းအပ်ခဲ့ရတဲ့ ကျောင်းသားမိဘတွေကို ကျွန်တော်တို့ အရေးယူဖို့ မရှိဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်
Jul 19, 2022
နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကို သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
Jul 19, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင် နေသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးမျိုးမြတ်အောင် (အငြိမ်းစား) ကို ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်းတက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) တက်ရောက်၍ ပညာသင်ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်သည်။
Jul 19, 2022
ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ပေးရန် ရည်ရွယ်သည့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်း စီမံကိန်း၏ ကနဦး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ကျင်းပသည်။
Jul 19, 2022
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jul 19, 2022
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် နောက်ဆုံးနှစ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီး သက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ သင်ကြားရေး ဆေးရုံများနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ယနေ့မှစ၍ အလုပ်သင်ဆရာဝန်အဖြစ် (၁)နှစ် တာဝန်ထမ်းဆောင်ကြမည့်သူများ ကြိုဆိုနှုတ်ခွန်းဆက် အခမ်းအနားကို ဆေးတက္ကသိုလ် (၁)ရန်ကုန် ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန Recreation Center (8th Floor)၌ ယနေ့နံနက် ၉ နာရီတွင် Semi Virtual စနစ်ဖြင့် ကျင်းပသည်။
Jul 19, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုများ၌ ရုပ်သံအစီအစဉ်များ ရိုက်ကူးနေမှုများကိုကြည့်ရှု စစ်ဆေးသည်။
Jul 19, 2022
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် တိုင်းရင်းသားပြည်သူအားလုံး မမေ့နိုင်သည့် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်တိုင်ရှိပြီဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းအားထုတ်မှုများနှင့် ကျေးဇူးများကို ယနေ့ထိတိုင်သာမက ကမ္ဘာတည်သရွေ့ မေ့နိုင်လိမ့်မည်မဟုတ်ပေ။
Jul 19, 2022
ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုဆီသို့ ပြောင်းလဲသွားခဲ့သည်။ နယ်ချဲ့အင်ပါယာကြီးများ တစ်ခုပြီးတစ်ခုပြိုလဲသွားကြပြီး ကမ္ဘာ့မြေပုံမှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ ခေတ်ဟောင်းကာလက ဘုရင့်နိုင်ငံများ သမ္မတစနစ်သို့ ကူးပြောင်းကြသလို ဘုံဝါဒအားကောင်းလာကာ ဥရောပအရှေ့ပိုင်းအားလုံးနီးနီး ကွန်မြူနစ်ဖြစ်သွားကြသည်။ မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့က “ဗြိတိသျှအစိုးရသည် မြန်မာ့လွတ်လပ်ရေးနှင့်ပတ်သက်၍ ကြေညာရန်နှင့် မကြေညာပါက ၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်မည်” ဟူသော ကြေညာချက်ကို ၁၉၄၆ ခု၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
