Apr 07, 2023
နေပြည်တော် ဧပြီ ၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 07, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား LAOSAT Company Limited မှ Chief Executive Officer - CEO Mr. Wu Fang Jie ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံသည်။
Apr 07, 2023
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Broadcaster များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
Apr 07, 2023
ပြည်သူများလူမှုစီးပွားဘဝတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ ပြည်သူများအနေဖြင့် လျှပ်စစ်စွမ်းအားဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအားများ အပြည့်အဝပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Apr 07, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦး၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ လုပ်ငန်းအထူးအဖွဲ့များ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင် ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Apr 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင်ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့်တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းသားများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီး သင်ကျောင်းခန်းမတို့တွင် သီးခြားစီတွေ့ဆုံ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင်တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမ ၌တွေ့ဆုံ၍လည်းကောင်း အမှာစကားပြောကြား သည်။
Apr 07, 2023
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်သတ်ဖြတ်မှု၊ တိုက်ခိုက်ဖျက်ဆီးမှုများအတွက် ပြည်ပနိုင်ငံအချို့တွင် ရောက်ရှိခိုလှုံနေကြသည့် ပြည်ပြေးလူပုဂ္ဂိုလ်အချို့၌ တာဝန်ရှိနေသည်။ ၎င်းတို့က မြန်မာနိုင်ငံတွင်လူအများအပြား အသုံးပြုကြသည့် လူမှုကွန်ရက်တို့မှတစ်ဆင့် ပြည်တွင်း၌အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ကြရန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
Apr 06, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၅-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၄) ရာခိုင်နှုန်း ရှိပါသည်။
Apr 06, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Apr 06, 2023
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာလုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာ ခန်းမ၌ ကျင်းပသည်။
Apr 06, 2023
မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၄ ရက်က ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေသနဌာန (ရန်ကုန်) ပညာ ဆောင်၌ ကျင်းပသည်။
Apr 06, 2023
Earth Renewable Energy Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
Apr 06, 2023
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသားကျောင်းသူများကို လူရည်ချွန်စခန်းအသီးသီးသို့ စေလွှတ်နိုင်ရေး ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06, 2023
၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့် ဆန်များ အောင်မြင်စွာ တင်ပို့ပြီးစီးခဲ့သည့် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Apr 06, 2023
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 06, 2023
မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ဒဂုံမြို့နယ်ရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။
Apr 06, 2023
မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီစာပေတိုက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်သည်။