Apr 14, 2023
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိလာသော ရုရှား-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။
Apr 14, 2023
မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ရိုးရာအစဉ်အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များရရှိစေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စွာ ရေကစားနိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
Apr 14, 2023
မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်(သင်္ကြန်အကြိုနေ့) ယနေ့ညနေပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ စည်ကားသိုက်မြိုက်စွ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မန္တလေးမြို့ အခြေစိုက်အိန္ဒိယနှင့် တရုတ်ကောင်စစ်ဝန်ချုပ်များ၊ စစ်ဘက်ဆိုင်ရာ၊ ဌာနဆိုင်ရာတို့မှ အရာရှိအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၊ အခြေခံပညာကျောင်းများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Apr 14, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ရှေ့၌ ကျင်းပသည်။
Apr 14, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာန ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
Apr 14, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြရာ မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင်လည်းကောင်း၊ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်လည်းကောင်း၊ ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင်လည်းကောင်း ကျင်းပမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စီစဉ်ရိုက်ကူးပြီး MRTV ရှိ Channel လေးခု မှ တိုက်ရိုက် Live ထုတ်လွှင့်လျက်ရှိသည်။
Apr 14, 2023
နွေလများ၏ အစဖြစ်သော တန်ခူးလသည် ထူးခြားသည့် အလှအပများနှင့် ပြည့်စုံသောလဖြစ်သည်။ ရတနသုတ်ပါဠိတော်တွင် “ဝနပ္ပဂုမ္ဗေ၊ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံဂိမှေ။” နွေလများတွင် အဦးအစဖြစ်သော တန်ခူးလ၌ ကောင်းစွာပွင့်သည့် ခက်ဖျားစုံသော တောအုပ်သည် အသရေရှိလှဘိ၏ဟူ၍ ကျူးရင့်ကာ ဗုဒ္ဓမြတ်ဘုရားဟောကြားတော်မူခဲ့သည့် တရားတော်များနှင့်ပင် နှိုင်းယှဉ်ထပ်တူပြုခဲ့သည်။
Apr 13, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲသည်။
Apr 13, 2023
သင်္ကြန်ဆိုသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ကူးပြောင်းခြင်း”ဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်းခေါ်သည်။ အတာသည်လည်းနှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပယ်ရသည်။ နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့်ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကိုအေးမြစေကြောင်း ရေပက်ဖြန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။
Apr 13, 2023
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ် သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Apr 13, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၃-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Apr 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၂၅) ရာခိုင်နှုန်း ရှိပါသည်။
Apr 13, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ အကြမ်းဖက်ဌာနချုပ် NUG ရုံးအဖြစ် တည်ဆောက်၍ ဧပြီလ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်ရှိကြောင်း အကြမ်းဖက်မှုကို ရွံမုန်းနေသည့် ဒေသခံပြည်သူအချို့မှ အချိန်နှင့်နေရာအား ဧပြီ ၁၀ ရက် ညပိုင်းတွင် တိကျစွာသတင်းပေးပို့လာခဲ့သည်။
Apr 13, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 13, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ခူးလဆုတ် ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန် အချက်များ
Apr 13, 2023
သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား တည်ဆောက်ရေးစီမံကိန်းသည် တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့နှင့် ၂၄ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ကွမ်းလုံတံတားသစ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက ယွမ်ငွေသန်းပေါင်း ၁၄၀ ဒသမ ၀၀ အကုန်ကျခံကာ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 13, 2023
NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကန့်ဘလူ မြို့နယ် ပဇီကြီးကျေးရွာအနီးတွင် အခြေခံစခန်းတည်ဆောက်၍ စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ့ရှိ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအား Drop Bomb ချခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဘုန်းကြီးကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ၎င်းတို့အားမထောက်ခံသည့် သာသနာ့နွယ်ဝင် ရဟန်းသံဃာများ၊ သီလရှင်များအား ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ်ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ/ ဆရာမ ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၇ ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါးတို့ သေဆုံးခဲ့ရသည်။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ၅ ရုံ၊ ရုံးဌာန အဆောက် အဦ ၁၉၀၊ ဘုန်းကြီးကျောင်း ၂၀ နှင့် လူနေအဆောက်အဦ ၂၆၄ လုံးတို့ ဖျက်ဆီးခံခဲ့ရသည်။
Apr 13, 2023
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Apr 13, 2023
ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် အပူချိန်မြင့်မားလာခြင်းကြောင့် အပူဒဏ်ကိုလည်း သိသိသာသာခံစားလာကြ ရသည်။ မြင့်မားသည့် အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေပြီး လှုပ်ရှားချင်စိတ်မရှိခြင်းနှင့် အဆိုးရွားဆုံး အခြေအနေတွင် အပူလျှပ်ခြင်းအထိ ဖြစ်စေနိုင်သည်။ အပူလျှပ်ခြင်းသည် ဦးနှောက်နှင့်အရေးကြီးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပါ ထိခိုက်ပျက်စီးစေပြီး သေဆုံးစေနိုင်ခြင်းကြောင့် အပူလျှပ်ခြင်းသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပြီး ကုသမှုကို ချက်ချင်းခံယူရန် လိုအပ်ကြောင်း နားလည်ထားကြရမည်ဖြစ်သည်။
Apr 12, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအားလုံး ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ခေတ်နှင့်အညီပျော်ရွှင်စွာ ဆင်နွဲနိုင်စေရန်ရည်ရွယ်၍ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဧရိယာသတ်မှတ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။