Skip to main content

တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးဥပဒေရေးဆွဲနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးရေး၊ တံတားအသစ် တည်ဆောက်ပေးနိုင်ရေး၊ ကန်တူးဖော်ရှင်းလင်းအဆင့်မြှင့်တင်ပေးရေးနှင့် ကုန်စည်ပို့ဆောင်ရာ လမ်းကြောင်းများတွင် အဆင်ပြေစွာပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်၏ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးဥပဒေရေးဆွဲရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မြို့နယ်အဆင့်အုပ်ချုပ်ရေးလုပ်ငန်းများအတွက် ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဥပဒေကို စကားရပ်များအဆင့်ဆင့်အစားထိုးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးများက ယနေ့အချိန်အထိ တာဝန်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၈ တွင်ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏အုပ်ချုပ်ရေးကို နိုင်ငံ့ ဝန်ထမ်းများအားတာဝန်ပေးဆောင်ရွက်စေရမည်ဟူ၍ ပြဋ္ဌာန်းထားရှိမှုနှင့်အညီ နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အမှတ် /၂၀၁၁ ဖြင့် မြို့နယ်အဆင့်အုပ်ချုပ်ရေးကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့ပြီး ခေတ်စနစ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် /၂၀၂၆ ဖြင့်မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို ပြင်ဆင်သည့်ညွှန်ကြားချက်ကို ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဥပဒေပုဒ်မ ၁၃၆ ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ခဲ့ရာ ယင်းညွှန်ကြားချက်များအရ မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ မြို့နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေပါပြဋ္ဌာန်းချက်များသည် ပြည့်စုံလုံလောက်ပြီးဖြစ်ခြင်း၊ ယင်းဥပဒေပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို စကားရပ်များအစားထိုးသည့် ဥပဒေများအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအား လုပ်ပိုင်ခွင့်အပ်နှင်းထားပြီးဖြစ်ခြင်း၊ ခေတ်ကာလနှင့်လျော်ညီစေ ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို ဥပဒေကဲ့သို့အာဏာတည်စေရန် ထုတ်ပြန်ထားပြီးဖြစ်ခြင်းတို့ကြောင့် လတ်တလောကာလတွင် မြို့နယ်အုပ်ချုပ်ရေးဥပဒေမူကြမ်းရေးဆွဲရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။

ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၏ ရွှေတောင်မြို့နယ်ရှိ ညောင်စာရေး-တရုတ်မှော်ကွေ့မအထိ လမ်းအပိုင်းအား ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ရွှေတောင်မြို့နယ် ညောင်စာရေး - တရုတ်မှော် - ကွေ့မလမ်းသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ၁၁ မိုင် ဖာလုံ ရှိပါကြောင်း၊ အဆိုပါလမ်းနှင့်စပ်လျဉ်း၍ မြေသားလမ်း မိုင် ဖာလုံအနက် မိုင်မှာ အကျယ် ၁၆ ပေခန့်၊ မိုင် ဖာလုံတွင် အကျယ် ပေခန့်၊ မြေနီ လမ်း မိုင်တွင် အကျယ် ၁၂ ပေခန့်သာရှိပါသဖြင့် မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းအား ဦးစွာဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သဖြင့် ကနဦးအနေဖြင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် ပထမအဆင့်အနေဖြင့်(လှေကြီးစု ကျေးရွာမှ သရက်တပင်ကျေးရွာ) ထိ မိုင် ဖာလုံ လမ်းပိုင်းအား မြေသားတာပေါင်ချဲ့ခြင်းနှင့် မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦး၏ ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့ရသော ကြံခင်းမြို့နယ်အတွင်းရှိ ဂွေးချိုတံတားအားအသစ်တည်ဆောက်ပေးနိုင်ပါရန် သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ကြံခင်းမြို့နယ် ဂွေးချိုတံတားသည် ကျေးရွာမှ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အရှည် ၁၆၄ ပေရှိသည့် သစ်သားကြမ်းခင်းတံတားဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ချောင်းရေများကျဆင်းလာခဲ့ပြီး ဒိုက်များပိတ်ဆို့လာကာ တံတား အလယ်ပိုင်းပြတ်ထွက်ပြီး ရေနောက်မျောပါသွားခဲ့ရာ လက်ရှိတွင် ကျေးရွာနှင့် ဌာနပူးပေါင်း၍ အကျယ် ပေ၊ အမြင့် ၁၈ ပေ ရှိသော ယာယီဝါးတံတား ဆောင်ရွက်ထားရှိပါကြောင်း။

အဆိုပါတံတားကို ဝန်ထောက်ကွင်း၊ ပင်ကတိုင်း၊ ဂွေးချို၊ သာပေါင်း စုစုပေါင်းကျေးရွာ ရွာမှ အသုံးပြု သွားလာကြပါကြောင်း၊ တံတား၏မြောက်ဘက်ရှိ ကျေးရွာ ရွာတို့အနက်မှ အဝေးဆုံးဖြစ်သော ဂွေးချိုကျေးရွာသည် ပုသိမ်-မုံရွာကားလမ်းသို့ မိုင် ဖာလုံသာကွာဝေးပြီး တံတား၏တောင်ဘက်ရှိ သာပေါင်းကျေးရွာသည် ပုသိမ်-မုံရွာကားလမ်းသို့ ဖာလုံသာကွာဝေးသည့်အတွက် အဆိုပါတံတားအားအသုံးမပြုဘဲ လမ်းမကြီးဆီသို့ အဆင်ပြေ လွယ်ကူစွာ အချိန်တိုတွင်း သွားလာနိုင်ပါကြောင်း။

သို့ဖြစ်ပါ၍ တံတားအသစ် တည်ဆောက်ပေးရန် လတ်တလောဦးစားပေးအစီအစဉ်တွင် မပါရှိသေးပါ ကြောင်းနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လက်ရှိတံတားအား လူနှင့်ဆိုင်ကယ်များသွားလာ၍ရအောင် ပြုပြင်ခြင်းလုပ်ငန်းကို ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

လင်းခေးမဲဆန္ဒနယ်မှ စိုင်းထွန်းစံ() စိုင်းဆေဟန်၏ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း) ကုန်စည်ပို့ဆောင်ရာ လမ်ကြောင်းပေါ်တွင် အဆင်ပြေစွာပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးရန် သို့မဟုတ် ကုန်စည်သီးသန့်အမြန်လမ်းကြောင်းဖော်ဆောင်ပေးရန်၊ ခရီးကုန်ကျစရိတ်ထိန်းချုပ်ရေးအတွက် သယ်ယူစရိတ်ကျဆင်းအောင်ဆောင်ရွက်ပေးရန်၊ နယ်စပ်ပေါက်ဈေးနှင့် ပြည်တွင်းဝယ်ဈေးကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် အနည်းဆုံး အာမခံဈေးနှုန်းသတ်မှတ်ပေးရန်နှင့် မျိုးစေ့နှင့် မြေဩဇာများကို အစိုးရအစီအစဉ်ဖြင့် တိုက်ရိုက်ရောင်းချပေးရန် အစီအစဉ် ရှိ/မရှိတို့ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း) ကုန်သွယ်မှုလမ်းကြောင်းများတွင် နယ်မြေအေးချမ်းတည်ငြိမ်သည်ဆိုသော်လည်း နိုင်ငံတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေအပြည့်အဝစိုးမိုးမှုရရှိ အောင် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဝင်ကုန်စည်များ တင်ပို့/တင်သွင်းခြင်းကို စိစစ်ထိန်းကျောင်းခြင်းသည် နိုင်ငံအတွက် အခွန်ဘဏ္ဍာများရရှိရုံသာမက ပြည်တွင်းထုတ်လုပ်မှုရရှိသော ထုတ်ကုန်များအပေါ် မလိုလားအပ်သောထိခိုက်နစ်နာမှုများအား ထိန်းချုပ်နိုင်ပြီး ပြည်တွင်းတောင်သူ လယ်သမား၏ ထွက်ကုန်ဈေးကွက်များအပေါ် ရောင်းလိုအား/ဝယ်လိုအားနှင့်အညီ ဈေးနှုန်းဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ လမ်းခရီးတစ်လျှောက် တရားမဝင်အခွန်ကောက်ခံနေမှုများကို အထောက်အထားများဖြင့် တရားဝင်တိုင်ကြားနိုင်ပြီး ပါဝင်ပတ်သက်သူများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

သီးနှံများ၏ အနည်းဆုံးအာမခံဈေးနှုန်းသတ်မှတ် ရန်ကိစ္စနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း။

မျိုးစေ့ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ပေးရန်နှင့်ဈေးနှုန်းသက်သာသည့် မျိုးစေ့ရရှိရေးနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲအောက်ရှိ မျိုးသန့်ခြံပေါင်း ၄၃ ခြံမှ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံ စုစုပေါင်း ၃၃၄၂ ဒသမ ဧက စိုက်ပျိုးလျက်ရှိပြီး စီးပွားဖြစ်မျိုးသန့်မျိုးပွားမျိုးစေ့အဖြစ် ပြန်လည်မျိုးစေ့ထုတ်မည့်တောင်သူများ၊ ပုဂ္ဂလိကကုမ္ပဏီများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။

ထို့အတူ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ခြံ ၁၄၅ ခြံမှ သီးနှံ ၁၀ မျိုးအတွက် ပြည်တွင်းမျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပွားများရရှိလာသည့် မျိုးစေ့များကို မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များမှ စီးပွားဖြစ်မျိုးသန့်မျိုးစေ့များအဖြစ် ဆက်လက်ပွားများပြီး တောင်သူများထံသို့ဖြန့်ဝေပေးလျက်ရှိရာ ထပ်မံလိုအပ်သည့်မျိုးများ အတွက် ပြည်ပမှ ဆက်လက်တင်သွင်းရပါကြောင်း။

မြေဩဇာနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီတို့ ပူးပေါင်း၍ ကုမ္ပဏီများမှသွင်းအားစုများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချမှုများမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှထုတ်လုပ်သော ယူရီးယားဓာတ်မြေဩဇာများအား ဓာတ်မြေဩဇာခွဲတမ်းသတ်မှတ်ရေး ကော်မတီမှလည်း ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်ပိုင် ခြံ/စိုက်ကွင်းများ၊ ဒေသခံမျိုးစေ့ထုတ်လုပ်သူများအစုအဖွဲ့များမှ ထုတ်လုပ်ဖြန့်ဖြူးသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို သုံးစွဲနိုင်သကဲ့သို့ သီးနှံအထွက်နှုန်းမထိခိုက်စေဘဲ ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချပြီး ဒေသတွင်းတွင်ထုတ်လုပ်သည့် မြေဩဇာများကို ဓာတ်မြေဩဇာနှင့်ပေါင်းစပ်သုံးစွဲခြင်းဖြင့် ပြည်ပတင်သွင်းမှုကိုလျှော့ချနိုင်ပြီး တစ်ဖက်တစ်လမ်းကလည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ပါးသက်သာစေမည်ဖြစ်သည့်အတွက် တရားမဝင်ကုန်စည်များ ဝင်ရောက်မှုများအား တည်ဆဲဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက် တားဆီးထိန်းကျောင်းခြင်းဖြင့် သယ်ယူစရိတ်လျော့နည်းစေရေး၊ ဈေးနှုန်းကွာဟမှုမရှိစေရေး၊ ဈေးနှုန်းသက်သာသည့် မျိုးစေ့နှင့်မြေဩဇာရရှိရေးကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၏ Rice Export Zone (REZ) စီမံကိန်းတွင် ပါဝင်သည့်မြို့နယ် များမှ တောင်သူလယ်သမားများ၏ အကျိုးစီးပွားရရှိစေမှုနှင့်အတူ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်များအကျိုး တူစီမံဆောင်ရွက်နေမှုအခြေအနေကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone - REZ) စီမံကိန်းကို အစားအစာဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် အရည်အသွေးမြင့်ဆန်များထုတ်လုပ်ရန်၊ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်၊ ဇာစ်မြစ်ခြေရာခံနိုင်မှု (Traceability) အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှုရှိသည့် စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများ သေချာစေရန်၊ တောင်သူများဝင်ငွေတိုးစေရန်နှင့် လူနေမှုဘဝမြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အရည်အသွေးတူဆန်များ အရေအတွက်အမြောက်အမြား စဉ်ဆက်မပြတ်ဈေးကွက်တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင် ရွက်မှုပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

အဆိုပါ စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်အနေဖြင့် Exporter ကုမ္ပဏီက တစ်ဧကလျှင် ငွေကျပ် သိန်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဒသမ သိန်းအား Exporter ကုမ္ပဏီမှတစ်ဆင့် တောင်သူများအား တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ငွေကျပ် ဒသမ သိန်းနှုန်း ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေအဖြစ် ငွေကျပ် သိန်းဖြင့် စုစုပေါင်း တစ်ဧကလျှင် ငွေကျပ် ဒသမ သိန်းနှုန်းချေးငွေအဖြစ် ထုတ်ချေးပြီး အရင်းအနှီးရအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

REZ စီမံကိန်းတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် တစ်ဧက ငွေကျပ် ဒသမ သိန်းနှုန်း ချေးငွေရရှိပြီး ချေးငွေအား ထွက်ရှိသည့်စပါးဖြင့် ပြန်လည်ပေးဆပ် နိုင်သည့် အခွင့်အလမ်းရရှိခြင်း၊ မျိုးကောင်းမျိုးသန့်များ၊ ဓာတ်မြေဩဇာ စသည့်သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ ရရှိသုံးစွဲနိုင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအကူအညီများရရှိခြင်း၊ သီးနှံ ပေါ်ချိန်တွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုးထားသည့် သီးနှံများကို ကာလပေါက်ဈေးထက်ဈေးပိုမိုပေးပြီး ဝယ်ယူပေးခြင်းတို့ကြောင့် ဝင်ငွေတိုးတက်ရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး၊ နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရေး၊ ဈေးကွက်ထိုးဖောက်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(၂ဝ၂၆-၂၀၃၀)ကို အစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်းရေးဆွဲပြီး အထူးအလေးပေးဆောင် ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

အိမ်မဲ မဲဆန္ဒနယ်မှ ဦးတင်ဦး၏ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ တောင်သူလယ်သမား အိမ်ထောင်ဦးစီးများကွယ်လွန်ပါက အမွေဆက်ခံခွင့်ရှိသည့် မိသားစုဝင်များမှ လွယ်ကူချောမွေ့စွာ အမည် ပြောင်းလဲပေးနိုင်ရေးအတွက် ဥပဒေနှင့်အညီဖြေလျှော့ဆောင်ရွက်ပေးနိုင်ရေးအစီအစဉ် ရှိ၊ မရှိသိရှိလိုခြင်းနှင့် ရှိပါက မည်ကဲ့သို့ဖြေလျှော့ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက လယ်ယာမြေကိုအမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ပြုလက်မှတ်အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းဖြစ်ပါက အမွေဆက်ခံခွင့်ရှိသူသည် ဦးစွာစီရင်ပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာတရားရုံးမှ အမွေဆက်ခံခွင့်လက်မှတ်ရရှိရေး လျှောက်ထားရယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမွေဆက်ခံခွင့် ရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည် ပြောင်းလဲထုတ်ပေးရန် လျှောက်လွှာပုံစံ(၉-က)နှင့်အတူ ပုံစံ(၇)မူရင်း၊ သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်၊ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးမှ ထုတ်ပေးထားသော အမွေဆက်ခံခွင့်လက်မှတ်မိတ္တူ ပူးတွဲ၍ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း။

မြို့နယ်မြေစာရင်းဦးစီးဌာနရုံးသည် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှိ မှတ်ပုံတင်စာရင်းပုံစံ(၅)၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)(ရုံးလက်ခံ)တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး(၁၅)ရက်အတွင်း မြို့နယ်ဦးစီးဌာနရုံးနှင့် လယ်ယာမြေတည်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းလဲလျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ရက်ပေါင်း (၃ဝ)အတွင်း ကန့်ကွက်နိုင်ရန်ထုတ်ဆင့်သည့် ကြော်ငြာစာပုံစံ (၂-ဂ) ကို ကပ်ထားရမည်ဖြစ်ပါကြောင်း။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ကန့်ကွက်နိုင်ရန်ကြော်ငြာသည့်ရက်မှ ရက်ပေါင်း(၃၀)ပြည့်ပြီးနောက် ကန့်ကွက်လွှာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ(၇)ရက်အတွင်း သဘောထားမှတ်ချက်နှင့်အတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြရမည်ဖြစ်ပါကြောင်း၊ ကန့်ကွက်ခြင်းရှိပါက ကန့်ကွက်လွှာနှင့်တင်ပြလာသည့် အထောက်အထားလက်ခံများကိုစိစစ်၍ သဘောထားမှတ်ချက်နှင့်အတူ ပူးတွဲတင်ပြရမည် ဖြစ်ပါကြောင်း။

ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကန့်ကွက်ချက်သည်ခိုင်လုံမှုမရှိပါက အမည်ပြောင်းလဲဆောင်ရွက်ရန် အကြောင်းကြားခြင်း၊ ကန့်ကွက်ချက်သည် ငြင်းပယ်ရန် ခိုင်လုံကြောင်းစစ်ဆေးတွေ့ရှိပါက ငြင်းပယ်ကြောင်း အကြောင်းကြားစာပုံစံ(၈-ခ)ထုတ်ပေးနိုင်ရေး အကြောင်းကြားခြင်းကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ (၁၅)ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အမည်ပြောင်းလဲ ဆောင်ရွက်ပေးရန် အကြောင်းကြားချက်ရရှိလျှင် (၁၅)ရက်အတွင်း မြို့နယ်ဦးစီး ဌာနရုံးတွင် လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ရန် ဦးစီးဌာနရငွေစာရင်းသို့ ဦးပိုင်လုပ်ကွက်(၁)ခုအတွက် မှတ်ပုံတင်ကြေးကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းစေပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ က လယ်ယာမြေလုပ်ပိုင်ခွင့်(ပုံစံ-၇) ပြောင်းလဲပြင်ဆင်ထုတ်ပေးရမည်ဖြစ်ပြီး အမွေဆက်ခံခြင်းကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်း ပုံစံ(၅-က)တွင် မှတ်ပုံတင်ထားရမည်ဖြစ်ပါကြောင်း။

 ငြင်းပယ်ကြောင်း အကြောင်းကြားချက်ရရှိလျှင် (၁၅)ရက်အတွင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ပုံစံ(၈-ခ)ဖြင့် ငြင်းပယ်ကြောင်း အကြောင်းကြားခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး အမွေဆက်ခံခြင်းကိစ္စရပ်များအတွက် အမည်ပြောင်းပေးရန် လျှောက်ထားချက်အပေါ် ငြင်းပယ်ခံရသူများ စာရင်း ပုံစံ(၆-ခ)တွင် မှတ်ပုံတင်ထားရှိရမည် ဖြစ်ပါကြောင်း။

လက်ရှိအချိန်တွင် (ပုံစံ-၇)ရရှိထားသူ ကွယ်လွန်ပါက အမွေဆက်ခံခွင့်ရှိသူ မိသားစုဝင်များ၏ အမည် ပြောင်းလဲနိုင်ရေးအတွက် အထက်ပါလုပ်ငန်းစဉ်များနှင့်အညီသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

မိုးနဲမဲဆန္ဒနယ်မှ စိုင်းထွန်းလင်း၏ ကျိုင်းတောင်းမြို့ရှိ နောင်တုန်ဟုန်းကန်ကြီးအား တူးဖော်ရှင်းလင်း အဆင့်မြှင့်တင်ခြင်းကို မည်သည့်အချိန်မှစ၍ မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က နောင်တုန်ဟုန်းကန်(အောင်မင်္ဂလာ)ကန်သည် နှစ်ကာလသက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် သဲနုန်း များပို့ချတိမ်ကောကာ ကိုင်းပင်များပေါက်ရောက်နေမှုကြောင့် ရေသိုလှောင်နိုင်မှုလျော့နည်းကျဆင်း လျက်ရှိပါကြောင်း၊ ကန်၏ရေသိုလှောင်နိုင်မှုကျဆင်းလာခြင်းကြောင့် ကန်၏ပတ်ဝန်းကျင်ဒေသနေပြည်သူများ သောက်သုံးရေရယူနေသော ရေတွင်းများတွင် ရေခန်းခြောက်ခြင်း၊ ကန်၏အနောက်ဘက်ရှိ စိုက်ပျိုး မြေဧက(၃၀)ခန့်မှာ မိုးစပါးစိုက်ပျိုးရေ လုံလောက်မှုမရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

ဒေသတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ ခက်ခဲမှုမရှိစေရေးနှင့် မြို့သာယာလှပရေးအတွက် နောင်တုန် ဟုန်းကန်အတွင်း ရေပိုမိုသိုလှောင်နိုင်ရန် ကန်အတွင်းရှိ သဲနုန်းဒု ၃ ပေခန့်တူးဖော်ခြင်း၊ ကန်ပေါင်မြှင့် ပြုပြင်ရန် လိုအပ်သောအပိုင်းများကို မြေဖို့ပြုပြင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး ကန်ရေပြင်မြင့်တက်လာ ချိန်တွင် ကန်ပေါင်ကျိုးပေါက်မှု မဖြစ်ပေါ်စေရန်အတွက် ပိုလျှံရေထုတ်နုတ်ပေးနိုင်ရန် ရေထုတ်ပေါက်တစ်ခုတည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နောင်တုန်ဟုန်းကန်အတွင်း လက်ရှိသိုလှောင်နိုင်သည့် ပမာဏ ၁၆ ဧကပေခန့်ရှိရာမှ သိုလှောင်ရေပမာဏ ၄၈ ဧကပေ၊ (ဂါလန် သိန်း ၁၃၀)ခန့်အထိ တိုးမြှင့်သိုလှောင် နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်တုန်ဟုန်းကန် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ဇူလိုင် ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်